သူပြောလိုက်တဲ့ စကားလေးက ဘာမမဟုတ်ပါဘူး "ပခုံးလေးခဏငှားပါလားတဲ့"
သာမန်စကားလေးတခွန်းပေမယ့် ကျွန်တော့ တကိုယ်လုံး လေပေါမြောက်တက်သွား သလိုခံစားစေပြီး ကိုယ်ထဲက သွေးတွေက အထက်အောက် ပြောင်းပြန်စီးဆင်းနေစေတယ်
ရင်ထဲက အတင်းတိုးတက်လာ ပျော်ရွင်မှုတွေကို မျိုချလိုက်ပြီး သူ့ရှေ့ဒူးထောကိ ထိုငိနေရာ ကနေ ထလိုက်ပြီး သူဘေးနားလေးမှာ အလျင်သင့် ဝင်ထိုင်လိုက်တယ်
"Sehun "
"ဗျာ "
သူကို ကြည့်ကာ ရယ်နေတဲ့ luhan hyung
"ဘာလို့တောင့်တောင့်ကြီးထိုင်နေတာတုန်း"
"ဟင်"
တုန်လှုပ်နေမှုကို ဖုံးကွယ်ထားတဲ့ နှစ်ဖက်ယှက်ကာပူးနေတဲ့ ကျွန်တော့လက်ကလေးတဖက်ကို သူ ဆွဲယူလိုက်ပြီး ပခုံးလေးပေါကို တင်လိုက်တဲ့ အချိန်မှာတော့
Sehunဆိုတဲ့ ကျွန်တော် ကမ္ဘာကြီးထဲကနေ ပျောက်သွားသလား လို့တောင် ခံစားလိုက်ရတယိ
ပခုံးလေးပေါလက်တင် ပြီး ဘယ်ဘက် ရင်ခွင်ထဲကို အလိုက်သင့်လေးဝင်လာတဲ့ သူ့ကိုယ်လေး အသက်ရှူသွင်းလိုက်တိုင်း ခံစားလိုက်ရတဲ့သူ ဆံနွယ်လေးတွေက သင်းပျံတဲ့ မွေးရနံလေး လေပြေလေးတွေ တိုက်တိုင်း တချက်ချက် တိုးဝင်လာတဲ့ သူကိုယ်သင်းရနံလေး
ဟိုးဝေးဝေး ကဝင်လုဆဲ နေမင်းကြီးတွေနဲ့ ရင်ခုန်ဖွယ်ရာ ညနေခင်း အငွေ့အသက်တွေက ကျွန်တော် ကို ရူးသွားစေသလားလို့တောင် ထင်ရနေရတယ် အချိန်တွေ ရှေ့ဆက်မတိုးကြရင်ကောင်းမယ် စက္ကန့်တံလေးတွေ မရွေ့ကျတော့ရင်ကောင်းမယ် ဒီအတိုင်းလေးပဲ အရာအားလုံးရပ်တန့်သွားရင်ကောင်းမယ် လောဘကြီးတယ်လိုတော့ မပြောကြပါနဲ့ ကျွန်တော်အရမ်းချစ်တဲ့ သူနဲ့ အခုအတူတူရှိနေချင်တာလေးကြောင့်ပါ
ကျွန်တော်အခုနားထဲ ပြန်ကြားနေရတာကတော့ တဒုတ်ဒုတ် ခုန်နေတဲ့ သွေးခုန်နှုန်းတွေနဲ့ တလှပ်လှပ်တုန်နေတဲ့ နှလုံးသားတစုံ
အံဩမဆုံးပါဘူး
စတွေ့တုန်းကကြမ်းတမ်းခဲ့တဲ ကျွန်တော အခု အဲ့လိုမဟုတ်တဲ သူရဲရှေ့မှာ သိုးငယ်လေးတယောက် ပမာ လူတွေက အချစ်နဲ့တွေ့ရင် နူးညံပျော့ပြောင်း သွားတယ်ဆိုတဲ့ စကား အခုကျွန်တော် လက်တွေ့ ကြုံနေရပြီ