💕 3 💕

529 37 11
                                    

💕 Because of You 💕
••••••••••••••••••••••••••••••••••••
🎈 3🎈

"အစ်..အစ်ကိုလေး..ကျွန်တော်..ကျွန်တော်ထင်တာတော့..ဟို အစ်ကိုလေးရိပေါ်..ဘေးကင်းရာတစ်ခုခုကိုရောက်နေလောက်ပါပြီ..."

"ဟင်း..."

"အစ်ကိုလေး ဒီတိုင်းဆက်နေလို့တော့ မဖြစ်ပါဘူး..ပြန်ရအောင်နော်.."

"အင်း..ပြန်မယ်.."

မုရန်ကားကို အိမ်ဘက်ပြန်လှည့်မောင်းလာခဲ့ရင်း..ဘက်က်မှန်မှ မြင်နေရသော ရှောင်းကျန့်ကို သနားနေမိသည်...

မျက်လုံးထဲမြင်ယောင်နေသည်က အစ်ကိုလေးရိပေါ်၏ အစ်ကိုလေးအပေါ်..ကလေးတစ်ယောက်လို အလိုလိုက်ဆက်ဆံပေးတတ်ပုံများ...

တစ်ခါကလည်း..
....
ညဆယ့်တစ်နာရီခွဲခန့်...
မုရန်အိပ်မပျော်သဖြင့် အိမ်ပြင်နား ခဏထွက်ထိုင်ကာ တောင်တောင်အီအီတွေးတောနေမိသည်...

အစ်ကိုလေးကျန့်...အိမ်အပြင်ထွက်လာသည်ကို မြင်ရပြီ..ဘာလုပ်မည်မှန်းမသိ..
ခဏနေတော့ အစ်ကိုလေးရိပေါ်၏ကားရောက်လာကာ..အထုပ်တစ်ထုပ်ဖြင့်...အ​မောတကော..ဝင်လာလေသည်...

"ကျန့်လေး..အရမ်းဗိုက်ဆာနေတာလား..လာ ကိုကိုဝယ်လာပြီ.."

"ဟိဟိ အဲ့ဒါကြောင့် ကိုကို့ကိုချစ်တာ..."

အစ်ကိုလေးရိပေါ်ကို ပြေးဖက်ပြီး..ချွဲနေသည်မို့ ကြည့်ကောင်းကောင်းဖြင့်သူလည်း ကြည့်နေမိသည်..

"ကျန့်လေး...အစပ်များတယ်..ဖြည်းဖြည်းစား.."

"အင်း..ဟီး.."

မည်မျှပင် အပြေးအလွှားလှုပ်ရှားခဲ့ရသည် မသိ...
ချွေးလေးများသီးနေသော အစ်ကိုလေးရိပေါ်..အစ်ကိုလေးကျန့်အတွက်..ခေါက်ဆွဲဝယ်လာခြင်းဖြစ်သည်...
ဒီလိုအချိန်ကြီးမှာ ဘယ်လိုတောင်ရှာဖွေခဲ့ရသည်မသိ...
အစ်ကိုလေးကျန့် စားနေသည်ကို ပြုံးပြုံးလေးငုံ့ကြည့်နေသည်..
အိမ်ထဲလည်းမဝင်ပဲ အိမ်ရှေ့နား...ဒန်းပေါ်တွင်ပင် စားနေကျခြင်းဖြစ်သည်...

💕 Because of You 💕Where stories live. Discover now