Part - 1

2K 67 3
                                    

○ဆရာ့ ရင်ခွင်........ ( အပိုင်း ၁)

"လူကြားလို့မှ ကောင်းကြရဲ့လား ရိပေါ"

ခမ်းနားလှတဲ့ ဧည့်ခံထဲမာ ဟိန်းကနဲ ထွက်လာတဲ့ ပါးပါး အသံ။ 10 တန်းလေး ကျတာကို အော်ကြီးဟစ်ကျယ်နဲ့ 10 တန်းဆိုတာက ဘဝကြီးမှ မဟုတ်တာ ။ ရုပ်လေးချော အပြောအဆိုလေးကောင်းရင် ​မောင်လေးရိပေါ မောင်လေးရိပေါဆိုပြီး ပါးစပ်ဖျားက ချကြမာ မဟုတ်ဘူး ။ ရိပေါ နားကြပ်တတ်ကာ သီချင်းသာ နားထောင်လိုက်တယ် ။

"ရိပေါငါပြောတာ ကြားရဲ့လား "

ပြန်ဖြေသံ မကြားရ ။ အောင်မံ သူက သီချင်းလေးတညဉ်းတညဉ်းနဲ​့ ။ ငါကအရူးကြီး ကျနေတာပဲ ။

"မိန်းမ မင်းသားနားကြပ် ဖြုတ်လိုက်စမ်း "

ရိပေါ နားထဲက နားကြပ်ကို မားမား ဖြုတ်လိုက်တော့ ဆူပုတ်ပုတ်ရုပ်လေးနဲ့ လာကြည့်တယ် ။ မားမားက သူကို ပါးပါးစီ မျက်စိပစ်ပြလိုက်တော့ ခေါင်းလေးငြိမ့်ပြီး ဖြေရှာတယ် ။

"ကဲ မင်းဒီနှစ်ကို အိမ်မာ စာသင်မဲ့ ဆရာတစ်ယောက်ကိုခေါမယ် "

"ဟာ ပါးပါးကလည်း မသင်ချင်ဘူး"

ဆူပုတ်ပုတ်လေးနဲ့ ပြောကာ မားမားကို အကူအညီ တောင်းလိုက်တော့ မားမားကလည်း မတတ်နိုင်ဘူး ဆိုတဲ့ ပုံစံနဲ့ ။

"ဘာကို မသင်ချင်တာလဲ မင်း 10 တန်းကျတာ ဘယ်နှခါ ရှိနေပြီလဲ မသင်ချင်ရင် မင်းဆိုင်ကယ်လည်း မထိနဲ့"

"ဟ ပါးပါး ဒါကတော့ မတရားဘူးနော် babyလေးကိုတော့ မသိမ်းနဲ့ "

ဘယ်နှယ့် စာလေးမသင်ချင်တာကို baby ကိုပါ သိမ်းအူံးမယ်တဲ့ ။ စိတ်တွေလည်းညစ်ပါတယ် ။ ဖြစ်နိုင်ရင် စာသင်တဲ့အချိန်ကို ကျော်ပစ်လိုက်ချင်တယ် ။ ဘိုဘိုတို့က စာသင်ရင် ခေါင်းမူးတတ်တယ် ။

"မသိမ်းစေချင်ရင် စာသင်လေ ။ သူများသားသမီးတွေမ​ျား စာသင်ချင်ရင်တောင် သင်ခွင့်မရဘူး ။ မင်းမာ တတိုင်းရတဲ့ ဟာကို 10 တန်းလေးတောင် အောင်အောင် မဖြေနိုင်ဘူး ။ မင်းသူငယ်ချင်းတွေ တက္ကသိုလ် တတ်နေပြီ ။ မင်းမာ ဒီ10 တန်းကနေ မတတ်နိုင်ဘူး။ ဘော်ဒါဆောင်ထား​တေ့ာလည်း အဆောင်က ညစ်ပတ်တယ် ။စာကျက်သံတွေကြောင့် စာကျက်လို​့မရဘူးနဲ့ ။ အိမ်မာ ပြန်နေဆိုတော့လည်း မနေပြန်ဘူး ။ စာမေးပွဲ ဖြေတဲ့နေ့ကျရင် သားလေး ဖြေနိုင်လား ဆိုရင် ပါးပါး ဒီလောက်တော့ အပျော့ ။ ပြီးရင် ကျတာပဲ ။ မင်း "

ဆရာ့ရင်ခွင်..... Where stories live. Discover now