" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ် ဦး ပြောသလို ချစ်ချစ် မှာ ဘာ အရည်အချင်း မှ အခု မရှိသေးဘူး.. ဒါပေမယ့် စိတ်ချပါ ချစ်ချစ် ဦး နားမှာ တံတိုင်း အဖြစ် နေနိုင်အောင် ကြိုးစားမယ် တစ်ခုပဲ.. ချစ်ချစ် အဲ့လို အရည်အချင်း ရတဲ့အထိ စောင့်နေပေးပါ ပြီးရင် ချစ်ချစ် ကာကွယ် နိုင်တဲ့ တစ်နေ့ မငြင်းဘဲ လက်ခံပေးပါ.." " အဟက်.. မိန်းကလေး တစ်ယောက် ရဲ့ အကာအကွယ် မှာ နေရလောက်အောင်ကို ငါ အသုံးမကျတဲ့ ကောင် မဟုတ်ဘူး.. အဲ့ မိန်းမ ကလည်း အရွယ်မရောက်သေးတဲ့ ကလေးတဲ့ မင်းဟာသက နားထောင် လို့တော့ ကောင်းပါတယ် ဒါပေမယ့် သိပ်မရယ်ရဘူး.." " အသုံးမကျတဲ့ ကောင် အဖြစ် ဦးကိ