" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပထမဆုံးအချစ်ပေါ် အရူးမူးဖြစ်ခဲ့တယ်.. ခုတော့မရူးချင်တော့ဘူး အဆိပ်ဖြစ်သွားအောင် လုပ်ခဲ့ပြီးမှ အဆိပ်ထိမှာကြောက်နေလား ။ . " အဲ့ကောင်မလေးကို မင်းတို့ပဲကလေးမလို့မြင်တာ.. အဲ့ဒါကလေးမ မဟုတ်ဘူး မြွေပွေးမကွ ငါ့ကိုမျက်တောင်တစ်ချက်မခတ်ဘဲ ငါ့အချစ်ရအောင်ယူပြမယ်လို့စိန်ခေါ်တာ.. အဟက် အဲ့လောက် လွယ်မလား ငါဆိုတဲ့ကောင်ကနိုနိုကို တစ်သက်လုံးချစ်မှာမဟုတ်ဘူး စောင့်ကြည့်လိုက်" ငါဆိုတဲ့ကောင်က ငါ့အပေါ်လွှမ်းမိုးတာမျိုးမကြိုက်ဘူး.. ငါ့ကိုတုပ်နှောင်ချင်တဲ့မင်းဆို ပိုတောင်မကြိုက်သေးတယ