- 4 -

5.7K 437 2
                                    

Zawgyi

ဝမ်ရိပေါ်……

ညနေကျောင်းဆင်းပြီး ကျန့်ကော အိမ်သို့ပဲ တန်းလာခဲ့သည်။
ကျွန်တော်မှာ သိတတ်လောက်တဲ့ အချိန်ကစပြီး မားကမရှိတော့။

ပါးကတော့ သူ့ အလုပ်တွေနဲ့ ကျွန်တော့်ကိုတောင်ဂရုမစိုက်အား။အဲ့ဒါတွေကြောင့် ကျွန်တော် နေချင်သလိုနေသည်။
လုပ်ချင်တာတွေလည်း အကုန်လုပ်သည်။ပါးက လိုသလောက်လည်း ပိုက်ဆံပေးသည်။

ကျွန်တော် ပါးဆီက လိုချင်တာကတော့ ပိုက်ဆံမဟုတ်ဘူး။
မေတ္တာ…လူကို နွေးထွေးစေတဲ့ မေတ္တာ။ဒါပေမဲ့ ကျွန်တော့်ရဲ့
ကုသိုလ်ကံကြောင့် ထင်တယ်။ဂရုစိုက်မှုသေးသေးလေးတောင် မရခဲ့ဖူးဘူး။အဲ့ဒီ့အစား ကတ်တွေကတော့ သုံးမကုန်ဖြုန်းမကုန်။

ကျွန်တော် ကျန့်ကော အိမ်ကို ကျွန်တော့်ရဲ့ ဆိုင်ကယ်နဲ့ပဲလာခဲ့လိုက်သည်။နာရီကိုကြည့်လိုက်တော့ ၇ နာရီ။ဒီအချိန် ကျန့်ကောဘာလုပ်နေမလဲ။

တီးတောင်…

"ဝမ်လေး…"

"ကျန့်ကော ဟီး"

"လာလာ ကောစာလုပ်နေတာ"

"ကျွန်တော် ညတိုင်းလာမယ်လို့ပြောထားတယ်လေ!!"

"ကောက ဘာပြောနေလို့လဲ။လာပါ…ကျွေးစရာတော့ ဘာမှမရှိဘူး"

"မနေ့က ဘီယာဗူးတွေ ကျန်သေးတယ်မလား"

"အင်း ကျန်သေးတာပေါ့။"

"အဲ့ဒါသောက်ကြမယ်လေ။စကားပြောရင်းပေါ့"

"အင်းအင်း။အဲ့ဆို ခနစောင့်နော်…ကော စာလေးနည်းနည်းကျန်တာ ဖြတ်လိုက်ဦးမယ်။ဝမ်လေး တီဗီကြည့်ပြီး ခနစောင့်နေဦးနော်"

"ဟုတ် စောင့်နေမယ် ကျန့်ကော"

"အား…ချစ်စရာလေး လိမ္မာလိုက်တာ"

ကျွန်တော့်ခေါင်းကို ပုတ်ပြီး ထွက်သွားတဲ့ လူကတော့ ရယ်ရယ်ပြုံးပြုံးပဲ။ကျွန်တော်ကတော့ ကျောက်ရုပ်ကြီးလို မတ်တပ်ရပ်ကာ မျက်လုံးသေနေတုန်း။

ရင်ထဲကအကောင်ကလည်း ဖလူးဖလူးနဲ့။

အာ…ငါ ဘာဖြစ်နေတာလဲ။ဟိုက ခေါင်းလေးပုတ်သွားတာကို သေတော့မယ့်အတိုင်းဖြစ်နေတာပဲ။ငြိမ်ငြိမ်နေစမ်း အထဲက အကောင်လည်း။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now