Zawgyi
ဝမ်ရိပေါ်……
"ဒေါက် ဒေါက်!!"
ကုတင်ပေါ် ပက်လက်လှန်နေရင်း တံခါးခေါက်သံကြောင့်
ဖွင့်ပေးလိုက်သည်။"ကျန့်ကော"
"အင်း"
မျက်နှာလေး နွမ်းနွမ်းလေးဖြစ်နေသည့် ကျန့်ကောကို ပြေးဖက်ချင်လိုက်တာ။
"ကျန့်ကော လာလေ"
ကျွန်တော်ခေါ်လိုက်တာ ခေါင်းလေးငြိမ့်ပြပြီး အခန်းထဲဝင်လာလေသည်။
ကျန့်ကောက ကျွန်တော့်မွေ့ ယာပေါ်မှာထိုင်ပြီး ကျွန်တော့်ကို
မော့ကြည့်လာသည်။"ဝမ်လေး"
"ဟင်"
"ကော ဝမ်လေးကို လက်ထပ်လိုက်ရင် မထွက်သွားတော့ဘူးမလား"
"ဟင် ကော ဘာကို ပြောချင်တာလဲ"
"ဟိုလေ…ဝမ်လေး ထွက်သွားမှာ မမြင်ချင်ဘူး"
"အဲ့ဆို ကောက ကျွန်တော်နဲ့လက်ထပ်မယ်ပေါ့"
"အဲ့လိုဆိုရင် ထွက်မသွားတော့ဘူးမလား"
"ကော ကျွန်တော့်ကို တကယ်လက်ခံနိုင်လို့လား"
"ကော သေချာစဉ်းစားကြည့်ပြီးပြီ။ကောက အခု လူပျိုလည်း
မဟုတ်တော့ဘူး။တကယ်လို့ ရန်းလုနဲ့ လက်ထပ်ဖြစ်ခဲ့ရင်
ကိုယ့်ကိုကိုယ် စိတ်မသန့်တော့ဘူးလို့ ထင်တယ်။
အဲ့ဒီ့အစား ဝမ်လေးကိုပဲ လက်ထပ်လိုက်ရင် ပိုကောင်းမယ်လို့ထင်တယ်။ဒါပေမဲ့ ဝမ်လေးကရော""ကျွန်တော်က ဘာဖြစ်လို့လဲ"
"ဝမ်လေးက စေ့စပ်ထားတဲ့ မိန်းကလေးရှိတယ်မလား။
ကောလက်ထပ်မယ်ဆို ဝမ်လေးက လက်ခံမှာလား""ကော တကယ်လို့ ကျွန်တော့်ကို လက်ထပ်မယ်ဆို ကျွန်တော်လက်ခံပါတယ်။ကော လက်မခံရင်သာ အဝေးကြီးကို
ထွက်သွားရမှာ"ကျန့်ကောက ကျွန်တော့်ကို ခေါင်းငြိမ့်ပြသည်။ဒီ နာရီပိုင်းလေးအတွင်းမှာတင် ကျန့်ကောက ဘာဖြစ်သွားတာလဲ။အစပိုင်းမှာ ခါးခါးသီးသီးငြင်းနေတဲ့ ကျန့်ကောက အခုတင် ကျွန်တော့်အခန်းထဲကိုလာပြီး သူနဲ့လက်ထပ်ရင် ထွက်မသွားတော့ဘူးလားတဲ့။ကျန့်ကောက ဘာဖြစ်ချင်နေတာလဲ…