- 28 -

3.7K 184 1
                                    

Zawgyi

ဝမ်ရိပေါ်……

"ဟေး ခနခန!"

ကိုကို့အတွက် မုန့်ဝယ်ကာ ဆိုင်က အထွက် နောက်က အသံကြောင့် ရပ်ကာ နောက်ကို လှည့်ကြည့်လိုက်သည်။

"ကိုယ့်ကို ခေါ်တာလား!!"

"ဟုတ်တယ်။အကိုက ဟိုကမ်းခြေမှာ တွေ့ ခဲ့တဲ့ တစ်ယောက်မလား။ကျွန်တော့်ကို မှတ်မိသေးလား"

စကားကို အဆက်မပြတ်ပြောနေတဲ့ ကောင်လေးကို မြင်ဖူးသလို ရှိပေမဲ့ သေချာမသိတာကြောင့် ဦးနှောက်ကို အလုပ်ပေးနေသည်။

"အကို ကျွန်တော့်ကို တကယ်မမှတ်မိဘူးပဲ။ကျွန်တော်ရေနစ်နေတုန်း အကို ကယ်ခဲ့တာလေ"

"အော်…သိပြီ!! ဒီက ညီလေးက ဒီနားမှာပဲ နေတာလား"

"ဟုတ်တယ် အကို့ရဲ့!"

"ဒါဆို အကို သွားလိုက်ဦးမယ်။အကို့ယောက်ျား စောင့်နေတော့မယ်!"

"နောက်တစ်ခါဆုံရင် ကျွန်တော် အကို့ကို ကော်ဖီတိုက်ပါရစေ"

"အင်း"

ကောင်လေးရဲ့ မျက်လုံးအကြည့်တွေကို သဘောမကျတာကြောင့် အလျှင်အမြန်ပြေးထွက်လာခဲ့လိုက်သည်။

ကောင်လေးက ချောတဲ့အထဲမှာပါပေမဲ့ အိမ်က ငချွဲလေးကိုကို့ရဲ့ ခြေဖဝါးလေး တစ်ဖက်တောင် မှီနို်င်လိမ့်မည် မထင်ပါ။
ငါ့ကိုကိုက သိပ်ချောတာ!!!

💥💥💥💥💥💥💥💥💥💥💥💥💥

"ကိုကိုရေ!!"

"……"

"ကျွန်တော့် အသဲတုံးလေးရေ!!"

"……"

ကျွန်တော်တို့ ဟန်းနီးမွန်းကပြန်လာပြီးကတည်းက မိဘတွေနဲ့ အိမ်ခွဲနေခဲ့သည်။ကိုကိုက တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ
နေချင်ပါတယ်တဲ့။

"ကိုကိုရေလို့!!"

"ဘာလဲကွာ!! ကိုကို ချက်ပြုတ်နေတယ်ကွ!"

"မချက်နဲ့တော့။ကျွန်တော့်ဆီ မြန်မြန်လာ"

"အင်း လာပြီလာပြီ"

မီးဖိုခန်းထဲက ပြေးထွက်လာတဲ့ ကိုကို့ကို လက်နှစ်ဖက်တန်းကာ ဆီးကြိုလိုက်သည်။ခါးပေါ်တက်လိုက်တဲ့ ကိုကို့ကို ကျောလေးကိုလည်း သိုင်းဖက်လိုက်ရသေးသည်။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now