Zawgyi
ရှောင်းကျန့်……
ဟိုသူငယ်ချင်းအသစ်လေးက အိမ်ကိုမလာတော့တာ
ဒီနေ့ဆို သုံးရက်ရှိပြီ။ဘာများဖြစ်နေလို့လဲ…နေများမကောင်းလို့လား။ကျောင်းမှာ သူ့ နာမည်နဲ့လိုက်မေးကြည့်တော့ ပထမနှစ်ကတဲ့။အခန်းရှေ့မှာ သွားဖြတ်ကြည့်တော့လည်း အဲ့ကောင်လေးကို မတွေ့ ။
ထူးဆန်းတာ တစ်ခုက ကျွန်တော်ကမူးပြီး မနက်ကျရင် ဘာမှမသိတော့တာပဲ။မြစ်ကမ်းဘေးကို သွားတဲ့နေ့တုန်းက ကျွန်တော်သူ့ ကို ထိုးမိသွားလို့လား။
အော်…အခုမှ သတိရတယ်။သူ့ ဖုန်းနံပါတ် ကျွန်တော့်ဆီမှာ
ရှိတာပဲ။ဖုန်းဆက်ကြည့်ဦးမှ…ဝမ်ရိပေါ်……
ကျွန်တော့်ကိုယ် ကျွန်တော် သုံးရက်အတွင်းပြန်လည် သုံးသပ်နေပြီး ထွက်လာတဲ့ အဖြေတစ်ခုကတော့ ကျန့်ကောကို သဘောကျနေတာပဲ။
ကျန့်ကောဆီ မသွားတဲ့ သုံးရက်အတွင်း ကျန့်ကောရဲ့ အပြုံးတွေ ရယ်သံလေးတွေကို လွမ်းနေမိတယ်။ကျွန်တော်မလာတဲ့
အချိန် ဘာများလုပ်နေမလဲ။ကျွန်တော့်ကိုရော သတိရနေပါ့မလား။ကျန့်ကောကို အခု သဘောကျတယ်ပဲထား။လင်းအာကရော
ဘယ်လိုလုပ်မှာလဲ။ချက်ချင်းကြီး ဖြတ်လိုက်ရအောင်လည်း
သူနဲ့ကျွန်တော်က ခနလေးတွဲခဲ့တာမဟုတ်။သူမကို ချစ်လားဆိုတော့ ချစ်တယ်။ဒါပေမဲ့ ကျန့်ကောကို ချစ်တာနဲ့တော့မတူဘူး။ပြောရမယ်ဆိုရင် သူငယ်ချင်းအချစ်ဆိုလား အဲ့လိုမျိုးနဲ့
ချစ်တာဖြစ်မယ်။ကျန့်ကောကိုကျတော့ ကျန့်ကောရဲ့ အစိတ်ပိုင်း တစ်ခုချင်းစီ
တိုင်းကို ပိုင်ဆိုင်ချင်တယ်။ကျန့်ကောရဲ့ မျက်နှာလေးကိုသေချာကြည့်ပြီး မျက်တောင်စိပ်စိပ်လေးတွေကို ရေတွက်ချင်တယ်။ကျွန်တော်တစ်ယောက်တည်းကိုပဲ ရည်စူးပြီး ပြုံးပြတဲ့ အပြုံးတွေကိုလည်း ငေးကြည့်ချင်တယ်။အရက်မူးရင် ကလေးလေးလိုဖြစ်သွားတဲ့ အမူအယာလေးကိုလည်း ရင်ခွင်ထဲ ထည့်ထားချင်တယ်။
အော်…ဝမ်ရိပေါ်။မင်းတော်တော်ဖြစ်နေတာပဲ။အစတုန်းကတော့ လင်းအာကို လာထိလို့ ကစားချင်တာဆို။အခုတော့ မင်း
ဘဲ ကျဆုံးနေပြီ။