- 17 -

4.8K 238 1
                                    

🔞⚠️

Zawgyi

ဝမ်ရိပေါ်……

ဒီနေ့ ကိုကိုနဲ့ အပြင်သွားကာ ပထမဆုံးသွားမည့်နေရာကို
ရုပ်ရှင်ရုံသို့ သတ်မှတ်လိုက်သည်။

ညက ရေချိုးခန်းထဲမှာ သွားကြမ်းထားတာရော အားမရလို့
ကုတင်ပေါ် ချီလာကာ ကိုကို့ကို အထပ်ထပ်ခါခါ ပြီးစေခဲ့
တာမို့ ကိုကိုခဗျာ ဒီမနက် အိပ်ယာကို နိုးမလာသေးပါ။

"ကိုကို...ထတော့လေ!!"

"အင်း..."

"ထတော့ဆို...နေ့လည် ၁၂ နာရီရှိနေပြီ"

"ဟမ်"

ထိုအခါမှ အတင်းထထိုင်လာကာ မျက်လုံးလေးကို ပွတ်ပြီး
ဟိုကြည့်ဒီကြည့် လုပ်နေသေးသည်။

"တကယ် ၁၂ နာရီ ရှိနေပြီ။ကိုကိုက အပျင်းကြီးကွာ"

"အဲ့တာ မင်းကြောင့်လေ...ခွေးကောင်လေး"

"ကိုကို အရမ်းညည်းပြနေတော့ ကျွန်တော်လည်း စိတ်မထိန်းနိုင် ဖြစ်ရင်း ဖြစ်ရင်းပေါ့။အဲ့တာကြောင့် နည်းနည်း အရှိန်လွန်သွားတာ"

"ငါ့မှာလည်း မင်းပြန်လာတဲ့ သုံးရက်အတွင်း ချုံးချုံးကျနေပြီ။
ငါ့လည်း သနားပါဦး"

"ဟုတ်ပါပြီ...ထထ ကိုယ့်ရဲ့ပူတူတူးလေး မျက်နှာသွားသစ်ရအောင်"

"ရေပါ တစ်ခါတည်း ချိုးလိုက်မယ်လေ"

"အတူတူ ချိုးဦးမလို့လား"

"တော်စမ်း...ရူးနေလို့ပဲ"

"အဲ့ဆို ညတုန်းက ရူးနေတာပေါ့"

"ဟွန့်"

"မျက်စောင်းမထိုးပါနဲ့...လာပါ ချီသွားပေးမယ်!!"

"အွန့် ချီ"

နှုတ်ခမ်းလေးချွန်ကာ လက်မြှောက်ပေးနေသည့် ကိုကိုက ကျွန်တော့်ရဲ့ အသက်ကလေး။ကိုယ်ပိုင် နှလုံးသားလေး။

💥💥💥💥💥💥💥💥💥💥💥💥💥💥

"ရော့ ဝမ်လေး။ဒါလေးဝတ်!!"

"ဆင်တူဝတ်ရမှာပေါ့"

"ဟုတ်တယ်...ကိုကို ဝယ်ထားတာ ကြာပြီ။
တော်ရဲ့လား သေချာဝတ်ကြည့်"

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now