- 30 - [ Final ]

7.1K 219 1
                                    

🔞⚠️

Zawgyi

ဝမ်ရိပေါ်……

"ကိုကိုရေ…!! ကိုကို…သားသားနိုးပြီ"

အပြေးလှမ်းလာတဲ့ ကိုကိုက သားသားနိုးပြီဆိုတဲ့စကားနေရာမှာ ခြေလှမ်းပြန်လှည့်ကာ ထွက်သွားတော့မည် ပြုနေသည်။
အိပ်ယာပေါ်မှ ခုန်ဆင်းပြီး ကိုကို့အနောက်သို့ ပြေးလိုက်သွားကာ ကောက်ချီလိုက်သည်။

"ကျွန်တော့်ဆီ မလာဘဲ ဘာလို့ ပြန်လှည့်သွားတာလဲ!!"

"ကိုကိုက ဘာများဖြစ်လဲလို့ ပြေးလာတာ!!
ဝမ်လေးက သက်သက်ခေါ်နေမှန်းသိလို့ ပြန်လှည့်သွားတာ"

"ယူထားတာ ကြာပြီ။ကျွန်တော် မနက်တိုင်းဒီလို စနေတာကို
မသိဘူးလား!"

"စနေမှန်းသိတယ်လေ။ဒါပေမဲ့ တကယ်ကြီးဖြစ်နေမှာစိုးလို့
ကိုကိုက ပြေးပြေးလာတာ"

"ကျွန်တော့်ကိုကို မောနေပြီပေါ့!"

"အရမ်းမောတာပဲ"

"အမောပြေ နမ်းမယ်လာ!"

ကိုကို့မျက်နှာနဲ့လည်ပင်းအကြားကို အတင်းတိုးဝှေ့တော့ ကိုကိုက တခစ်ခစ်နဲ့ရယ်နေလေသည်။အခုဆို ကျွန်တော်တို့
လက်ထပ်ထားတာ ၁၀ နှစ်ကျော်ပြီ။

ကိုကိုက ကျွန်တော့်ကို ပိုပိုဂရုစိုက်သလို ကျွန်တော်ကလည်း
ကိုကို့ကို ပိုပိုစောင့်ရှောက်ပေးသည်။ကိုကိုပြုံးနေရင် ကျွန်တော့်ကမ္ဘာကြီးက လှပနေလို့!!

💥💥💥💥💥💥💥💥💥💥💥💥💥

ရှောင်းကျန့်……

ဝမ်လေးက ကိုကိုဘာမှမလုပ်နဲ့ အိမ်မှာပဲနေဆိုတော့ အိမ်ဘေးပတ်ဝန်းကျင်လေးတွေမှာ ပန်းပင်လေးတွေ ပျိုးထောင်ထားသည်။

အခုလို ညနေခင်းလေးမှာ ရေလောင်းပေးနေရတာ အရမ်းကိုအရသာရှိတာပဲ။နားမှာ နားကြပ်လေးထိုးကာ Favourite
သီချင်းလေးတွေ နားထောင်ရင်း စီးချက်အတိုင်း ခန္ဓာကိုယ်လေး လှုပ်ကာ ရေလောင်းနေသည်။

"ဝါး!!!"

နောက်ကဆွဲဖက်တာ ခံလိုက်ရတာကြောင့် လန့်သွားတာကြောင့် ရေပိုက်ကို အဲ့လူဘက်လှည့်လိုက်သည်။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now