Zawgyi
ရှောင်းကျန့်……
အဟမ်း…အဟမ်း။ကျွန်တော် ဆက်ပြောပြမယ့် အရာကတော့…
ကျောင်းမတက်ခင် နှစ်ပတ်လောက်အလိုက ကျွန်တော်အိမ်မှာ ရှိတာပေါ့…အိပ်ခန်းထဲမှာ ပန်းချီဆွဲနေတဲ့ ကျွန်တော့်ဆီကို မားကို တံခါးခေါက်ပြီး ဝင်လာတယ်။
ဒေါက် ဒေါက်!!!
"သားရေ မားဝင်လာမယ်နော်"
"ဟုတ် လာလေ မား"
"သား ဘာပုံတွေဆွဲနေတာလဲ"
မားက ကျွန်တော်ဆွဲနေတဲ့ ပုံကို ကြည့်ပြီး မေးသည်။
"စိတ်ကူးပေါက်တာ ချဆွဲတာပဲ"
"ကျောင်းတွေ ပြန်ဖွင့်တော့မယ်နော်"
"ဟုတ် မား"
"သားက အခု နောက်ဆုံးနှစ်ရောက်ပြီဆိုတော့ သားပါးကျန်ခဲ့တဲ့ ကုမ္ပဏီကို နောက်နှစ်ကျရင် ဦးစီးနိုင်ပါ့မလား"
"အဲ့ဒါတော့ မဖြစ်နိုင်ဘူး မား။သားက အလုပ်အကြောင်းဘာမှမသိသေးဘူးလေ။ဒါနဲ့ မားတစ်ယောက်လုံးရှိနေတာပဲကို"
"ဟိုလေ…မား…လက်ထပ်တော့မလို့…သား စိတ်မဆိုးဘူးမလား"
ဟုတ်ပါတယ်…မားက ပါးမရှိတော့ကတည်းက သူကိုယ်တိုင် အလုပ်ကို ဦးစီးလုပ်ပြီး ရှာကျွေးနေတာ…ပင်ပန်းနေရောပေါ့။
အသက်အရွယ်ရလာတော့ မှီခိုချင်လာမှာပေါ့။"ဘယ်သူနဲ့လဲ မား"
"သူ့ နာမည်က ဝမ်လုရီတဲ့။သူက…မားရဲ့ ငယ်ချစ်ဦးပါ။သူ့ မှာလည်း သားတစ်ယောက်ရှိတယ်။သားထက် ငယ်တယ်…အခုမှ ပထမနှစ် တက်မှာတဲ့"
"အော်…ဟုတ်။မား အဆင်ပြေရင် သား သဘောတူပါတယ်။
ဘယ်တော့လောက် လက်ထပ်မှာလဲ""သား ပထမနှစ်ဝက်ပြီးလောက်ပေါ့…သား မားကု စိတ်မဆိုးဘူးမလား"
"အာ…မားရာ သားက စိတ်ဆိုးစရာလား"
ကျွန်တော် မားကို ဖက်လိုက်ပြီး ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"မား ပျော်ရင် သားလည်း ပျော်တယ်။ဒါ့ကြောင့် အဲ့ဒါနဲ့ ပတ်သတ်ပြီး မား စိတ်မကောင်းမဖြစ်နဲ့နော်"
![](https://img.wattpad.com/cover/248932995-288-k818347.jpg)