Zawgyi
ဝမ်ရိပေါ်……
"အိုး…ရိပေါ်လေးက တော်တော်ထွားလာတာပဲ!!"
"ဟုတ်"
အိမ်ဝရောက်ရောက်ချင်းတွင်ပဲ ဝမ်မားတစ်ဖြစ်ရှောင်မားမှ
ထွက်ကြိုလာသည်။"ဒါနဲ့ မင်းအကို ကျန့်ကောရော!"
"အလုပ်ရှိသေးလို့ဆိုပြီး ကုမ္ပဏီကို ပြန်သွားတယ်"
"ဟုတ်လား။သူပြောတော့ ဒီနေ့ဝမ်လေးပြန်လာလို့ နားမယ်တဲ့။အခုတော့…
ထားပါ…ဒါနဲ့ သားဘေးက ကောင်လေးက ဘယ်သူတုန်း""သား သူငယ်ချင်းပါ။သူ့ နာမည်က Jack တဲ့။"
"ဟုတ် မင်္ဂလာပါ အန်တီ"
"အေးအေး သား"
"ပါးရော ကုမ္ပဏီသွားတာပဲလား"
"အေး သွားတယ်လေ။
သားသူငယ်ချင်းဆိုတော့ တစ်ခန်းထဲပဲ တူတူနေမလား။
အခန်းလွတ်တွေက မရှိတော့လို့""ရတယ် မား။သူ့ ကို အခန်းသပ်သပ်ထားလိုက်။
ကျွန်တော် ကျန့်ကောနဲ့ သွားနေလိုက်မယ်""ဟုတ်ပြီ ရိပေါ်"
"ဒါဆို သားတို့သွားနားလိုက်တော့မယ်"
"မင်း ပါပါးကတော့ မင်းကို နေရာလွှဲပေးချင်နေပြီ"
"ဟုတ်။ကျွန်တော် သုံးလေးရက်လောက်နားပြီးရင် စလုပ်တော့မယ်"
"အေးအေး ဝမ်းသာတယ်။အခု ရိပေါ်လေးက မိသားစုကို
ဦးဆောင်တော့မှာဆိုတော့ မားသဘောကျတယ်။မင်းရဲ့ ကျန့်ကောကတော့ သူ့ ပညာကို အသုံးမချဘဲ ဝါသနာကို အသုံးချနေလေရဲ့"ဝမ်မားက ညည်းညူသံနဲ့ပြောပြီး ကျွန်တော်တို့ရှေ့က ထွက်သွားလေသည်။
"မင်းနေရမှာ ဒီအခန်းပဲ"
"အေး မင်းလည်းလာဦးလေ"
Jack ခေါ်တာကြောင့် ခရီးဆောင်အိတ်ကို အခန်းဝချထားပြီး အထဲသို့ ဝင်လာလိုက်သည်။
"မင်း ကျန့်ကောက တော်တော်ချောတာပဲ"
Jack က အဝတ်တွေထုတ်ရင်း စကားပြောသည်။
"မကြည့်နဲ့"
"ငါလည်း မျက်စိပါတာပဲ။ကြည့်မှာပေါ့"
![](https://img.wattpad.com/cover/248932995-288-k818347.jpg)