- 23 -

4.2K 201 0
                                    

Zawgyi

ရှောင်းကျန့်……

အရမ်းကို ဒေါသထွက်နေတဲ့ ဝမ်လေးကို သေချာချော့မော့ပြီး
Jack ကို သူ့ နေရပ်ကိုသာ ပြန်ခွင့်ပြုရန် တောင်းဆိုရသည်။

"ကိုကိုက ဘာလို့ အဲ့ကောင်ဘက်က ကာကွယ်ပေးနေရတာလဲ"

"ကာကွယ်ပေးတာ မဟုတ်ဘူးလေ ဝမ်လေးရဲ့။ပါးနဲ့မား သိသွားရင်လည်း ဒေါသထပ်ဖြစ်ရဦးမယ်။သူလည်း ဝမ်လေးကို
တောင်းပန်ပြီးပြီမလား"

Flashback…

"ငါ့ကို ကားနဲ့တိုက်ခဲ့တာ မင်းပေါ့!!
ကောင်းပြီ Jack…မင်းရဲ့အတ္တကြီးမှုအတွက် မင်းထောင်နန်းစံရမယ်!!"

"ငါ ကျန့်ကောကို ချစ်လို့ ပိုင်ဆိုင်ချင်လို!!!"

"သူ့ မှာ ငါဆိုတဲ့ ပိုင်ရှင်ရှိတယ်!!"

"ပိုင်ရှင်ရှိတာ သိပေမဲ့ ငါကြိုးစားလို့ မရဘူးလား"

"ရိုးရိုးသားသား ကြိုးစားခွင့်တော့ ရှိပါတယ်"

"ကျန့်ကောကို ပိုင်ဆိုင်နိုင်ဖို့ ဘာမဆိုလုပ်မှာပဲ"

"အေး…မင်း အခုလိုလုပ်လိုက်တော့ရော ကိုကို့ကို မင်းရလို့လား။"

"မရဘူး ဘာဆိုဘာမှမရဘူး။စိတ်ကို ရဖို့နေနေသာသာ ခန္ဓာကိုယ်ကိုတောင် မရဘူး"

"အဲ့တာပဲကြည့် မင်းချစ်ပုံက မှားနေတယ်။"

"ဟုတ်တယ်။သေချာတွေးကြည့်တော့လည်း ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး။အဝေးကနေကြိတ်ချစ်နေတာလည်း အချစ်ပဲကို"

"မင်း သဘောပေါက်ပြီလား။သဘောပေါက်ရင် အခုချက်ချင်း
ငါနဲ့ရဲစခန်းကို လိုက်ခဲ့!!"

"ငါ တောင်းပန်ပါတယ် ရိပေါ်။ငါ့ကို ထောင်တော့ မချပါနဲ့လား။ကျန်တာ ဘာမဆို လုပ်ပေးပါ့မယ်"

"မရဘူး။မင်းလုပ်လိုက်တာ ငါ ကံကောင်းလို့ ကိုကိုနဲ့မဝေးသွားတာ။ငါ မင်းကို ခွင့်မလွှတ်နိုင်ဘူး။အခုချက်ချင်း လိုက်ခဲ့လာ"

ဝမ်လေးက Jack လက်ကို အတင်းဆွဲနေသော်လည်း Jack က ရုန်းကာ ဒူးထောက်ထိုင်ချပြီး ဝမ်လေးရဲ့ခြေထောက်တွေကို ဖက်ထားသည်။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now