( 31 )
🔞⚠️
Zawgyi
"ကိုကိုရေ……!!"
"ကျွန်တော့် အဘိုးကြီးရှောင်းလေးရေ!!"
"အာ…ဘယ်တွေသွားနေတာလဲ! ကျွန်တော်ပြန်လာတာကို
ထွက်ကြိုနေလေ!""ကိုကိုရေလို့!!…ဟင့်"
ကိုကို့အသံ ပြန်ထူးတာမကြားရတာနဲ့ ဝမ်ရိပေါ်ခေါ်သံတို့မှာ
ငိုသံစွတ်လာလေသည်။သူက ကိုကို သူ့ အနားက ထွက်သွားမှာကို သိပ်ကြောက်နေတာ။"ကိုကို…ကျွန်တော့်ကို ထားခဲ့ပြီလား အီး…ဟင့်"
တစ်ခန်းလုံးကိုလည်း မွှေနှောက်ရှာပြီး မတွေ့ တာကြောင့် လူက ပိုဝမ်းနည်းလာသည်။အလုပ်က ပြန်လာရင် ရှောင်းကိုကိုရဲ့ ဆဲသံလေးကိုမှ မကြားရရင် အိပ်မပျော်စားမဝင်တာ
ဝမ်ရိပေါ်ရဲ့အဖြစ်။အခု သူ့ လင်တော်မောင်လေးရဲ့မျက်နှာလေးကိုရော ခပ်စွာစွာဆဲသံလေးကို မကြားရတာကြောင့် သူ့ ရင်ထဲ အပူလှိုင်းတွေ တလိပ်လိပ်တက်လာလေပြီ။
ရှာဖွေရင်း နောက်ဆုံးရေချိုးခန်းတစ်ခန်းသာ ကျန်တော့သည်။တံခါးကို ဆွဲဖွင့်လိုက်လိုက်ချင်း နဖူးပေါ်ကျရောက်လာတဲ့
အရာတစ်ခုကြောင့် လူက မူးသွားသလိုတောင် ခံစားရသည်။"မင်းလင် ငါက ဒီမှာ မင်းရဲ့အဝတ်တွေကို လျှောက်ဖွတ်နေတာဟဲ့။သေမလို့ တစ်ကြော်ကြော်ခေါ်နေရတာလား!!"
ကိုကို့အသံလေးကြားတာနဲ့ မျက်နှာက ချက်ချင်းပြုံးလာပြီး
ကိုကို့အနားသို့သွားကာ ဆွဲမပြီး ဖက်လိုက်သည်။"ငါ့ကိုယ်မှာ ရေတွေနဲ့ ဖယ်စမ်း!"
"ဟင့်…သားကို ကိုကိုထားခဲ့ပြီထင်တာ"
"အပိုတွေ ပြောမနေနဲ့။မင်းလို ချေးပေလေးကို ထားခဲ့စရာလား"
"ဝမ်လေးလို့ခေါ်နော်။မခေါ်ရင် ဒီနားမှာ papapa ပစ်မှာ!"
"သေနာလေး!"
"ဒါလင်ကလည်း"
"ချီးကို ဒါလင်"
"အဲ့ဆို အဘိုးကြီးကွာ"
"ဟွန့်"
"အဲ့လို ခေါ်တော့ နှုတ်ခမ်းက တစ်တောင်လောက်ဆူသွားပြီးတော့……ကဲကဲ အဲ့နှုတ်ခမ်းကို ဆူထားမနေနဲ့။နောက်မခေါ်တော့ဘူး"