- 25 -

4.5K 179 4
                                    

Zawgyi

ဝမ်ရိပေါ်……

"ရန်းလု!!"

ကိုကိုခေါ်လိုက်တဲ့အသံကြောင့် ထိုမိန်းကလေးက ကိုကို့ဘက်ကို လှည့်ကြည့်ပြီး အံ့သြဝမ်းသာတဲ့ပုံဖြစ်သွားသည်။

"အိုး…ကျန့်ကျန့် အာ ရှောင်းကျန့်!!"

သူမက ကျွန်တော့်ဘက်ကို တစ်ချက်လှည့်ပြီး ရုပ်ပြန်တည်သွားသည်။

ကိုကိုက ကျွန်တော့်ဘက် လှည့်လာပြီး မေးငေါ့ပြသည်။

"သူက ငါ့ကောင်လေး ဝမ်ရိပေါ်တဲ့"

"ဝမ်လေး သူက ကိုကို့ရဲ့ ငယ်သူငယ်ချင်း ရန်းလုတဲ့"

"အင်း"

"အဲ့ဒါဆို အလုပ်အကြောင်းပြောပြီးရင် ရှောင်းကျန့်ရော ဝမ်သခင်လေးရော တူတူ နေ့လည်စာ သွားစားကြမယ်လေ"

"အခုပဲ စလိုက်ရအောင်။
ကိုကိုက ထိုင်စောင့်နေဦးနော်"

"အိုခီ ဝမ်လေး"

"ကျွန်တော့် ပူတူတူးလေးက လိမ္မာတယ်"

ကိုကို့ခေါင်းလေးကို ပုတ်ကာ ကိုကို့သူငယ်ချင်းဆိုတဲ့ အဲ့မိန်းမရှေ့မှာမို့ ပိုပိုပြီး ကဲပြလိုက်သည်။

"ကိုယ့်ထက်အကြီးခေါင်းကို ပုတ်စရာလား ခွေးကောင်ရဲ့"

မျက်စောင်းလေးထိုးသွားတဲ့ ကိုကို့ကို ပြုံးကာ ကြည့်လိုက်သည်။အရှေ့ကအမကတော့ ကျွန်တော်တို့ကို မြင်ပြီး သွေးအန်သွားမှာ ကျိန်းသေပင်။

ရန်းလု…

ရှောင်းကျန့်ကို ပြန်တွေ့ တွေ့ ချင်း ဝမ်းသာပေမဲ့ သူ့ ကောင်လေးဆိုတဲ့ ဝမ်သခင်လေး ဝမ်ရိပေါ်ကို မြင်တော့ ထူးတော့မထူးဆန်း။

အရင်ကတည်းက သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာ ကြားထားပြီးသား။အခုဘာပြန်လာလုပ်တာလဲ လာမမေးနဲ့။အလုပ်ပြန်လာလုပ်တာ။ရှင်လေးတို့ တစ်မျိုးထင်နေကြမှာ စိုးလို့။

ဝမ်ရိပေါ်……

အလုပ်ကိစ္စအကြောင်း ပြောပြီးသွားတော့ ဆိုဖာခုံပေါ်လေးပေါ်မှာ အိပ်ပျော်နေတဲ့ ကိုကို့နားလေးကို သွားပြီး နဖူးလေးကို
လေနဲ့မှုတ်လိုက်သည်။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now