ကျိုးချန် နဲ့ ဟိုက်ခွမ်း အိမ်ပြန်ရောက်တော့ တိတ်ဆိတ်နေတဲ့ အိမ်ကြောင့်
ကျိုးချန် - သမီးရေ ! သားရေ
အော်ခေါ်ပေမယ့် ဘာအသံမှ ပြန်မရ! အဒေါ်ကြီးကို မေးကြည့်တော့ သူလည်းမသိဘူးတဲ့။ ရီပေါ် ရောက်နေတယ် ဆိုတာကြောင့် ရီပေါ်ဆီ ဖုန်းခေါ်လိုက်တာ မကိုင်!
ကျိုးချန် - မောင် ဟင်!
ဒီဘက်လှည့်ပြီး မောင့်ကို ခေါ်တော့ မောင်က မရှိတော့ဘူး။
ကျိုးချန် - မောင်! မောင် !!
ချောက်!
ဆိုတဲ့ အသံနဲ့ အတူ မှောင်မည်းသွားတဲ့ အိမ်ကြီး!!
🎶Happy birthday to you🎶Happy birthday to you🎶happy birthday happy birthday🎶happy birthday to you🎶
Birthday cake လေး ကိုင်ပြီး ထွက်လာကြတဲ့ ချစ်ရတဲ့ သားနဲ့ သမီးရယ် မောင် ရယ်! ရီပေါ်တို့ရယ်
အလုပ်တွေ ဘယ်လောက်ရှုပ်နေလဲဆို ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေတဲ့ အထိ
ရှီးဝမ် - ပါးပါး ဖူး ဖူး!
ချန်အာ - ပါးပါး ဆုတောင်းပြီး မီးမှုတ်လိုက်အုံး။
ကျန်းချန် လက်နှစ်ဖက်ကိုစုကိုင်ပြီး မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်။ ဆုတောင်းပြီးနောက် ဖယောင်းတိုင်မီးမှုတ်လိုက်သည်။
ရွှီး! ဖောက် ဖောက် ဖောက်
ငွေမှုန်စက္ကူလေးတွေ ကြိုးတွေ နှင်းမှုန်လေးတွေ ဧည့်ခန်းထဲ ပြန့်ကြဲသွားသည်။
ိဟိုက်ခွမ်း - Happy Birthday မောင့်အသက်လေး။
ချန်အာ - Happy birthday papa!
ရှီးဝမ် - ပါးပါး အာ အာ
ကျန်တဲ့လူတွေကပါ ဆုတောင်းပေးပြီးနောက် ကိတ်မုန့်လေးခွဲကာ မောင့် ကို အရင်ခွံ့ပြီး သမီးလေးနဲ့ သားလေးကို ခွံ့ကျွေးလိုက်သည်။ ပြီးတော့ ရီပေါ် ၊ ဟောက်ရွှမ်း၊ ကျိရန် နဲ့ ရှောင်းကျန့် ကို ခွံ့ကျွေးပြီးနောက်
ကျိုးချန် - ငါ့ မွေးနေ့ကို ငါမေ့နေတာ။ အခုလို Suprise တိုက်လို့ ငါအရမ်းပျော်တယ်။
ဟိုက်ခွမ်း - နောက်ဆို ဒီထက်မက ပျော်ရအောင် မောင်က လုပ်ပေးမှာ။ မောင့် အချစ်တွေ နဲ့ မောင့်မိသားစုလေး ဒီထက်မက ပျော်ရွှင်စေရမယ်လို့ မောင် ကတိပေးတယ်။
YOU ARE READING
နဖူးစာ ရွာလည် / နဖူးစာ ရှာလညျ {Zawgyi & Uni} (Completed)
FanfictionZawgyi ###### တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ သတ်နေကြသော သူတို့ နှစ်ဦး အက်ဆီးဒန့် တစ်ခုကြောင့် နှစ်ပေါင်း ၁၀၀၀ ခန့် လန်ခေတ် က အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသော အခါ အရမ်းချစ်ကြတဲ့ အိမ်ရှေ့စံမင်းသား နဲ့ ဘုရင်ခံရဲ့ သားတော် တ...