👑11👑{Z & U}

805 114 51
                                    

{1020 ခုနှစ် ၊ လန်ခေတ်}

(ရှီးချန် < ဟိုက်ခွမ်း & ကျန်းချန် < ကျိုးချန်)

#နေရာချိန်း#

ကျန်းချန်(ကျိုး) - ရေ!! ရေ

- ကြင်ယာတော် သတိရလာပြီ။ သမားတော် အမြန်သွားခေါ်ကြ!!

စူးကုန်းကုန်း ရေခွက်လေးကိုင်ပြီး ကြင်ယာတော် အနီးနားကို သွားလိုက်သည်။

- ကြင်ယာတော် ဖြည်းဖြည်းထ၊ ဒီမှာရေ

ရေကိုအငမ်းမရ သောက်ပြီးမှ

ကျန်းချန်(ကျိုး) - ကျွန်တော် မသေသေးဘူးလား။

- ကြင်ယာတော်ရယ် ဘာလို့များ ရေထဲခုန်ချရတာလဲ။ မသေကောင်းမပျောက်ကောင်း! မင်းသားမှာ ကြင်ယာတော်ကို အရမ်းစိုးရိမ်တော်မူနေတာ။

ကျန်းချန်(ကျိုး) - သူရော

- ခနကမှ ရေစိုအ၀တ်တွေ သွားလဲတော်မူတယ်။ ကြင်ယာတော် သတိမရမချင်း ကြင်ယာတော်အနားမှာဘဲ နေနေတာ။ ဖျားချင်သလိုဖြစ်နေလို့ အဆောင်တော်ကို အတင်းပြန်လွှတ်ရတယ်။

*ဟိုက်ခွမ်း က အအေးဒဏ်မခံနိုင်ဘူး။ ရေစိုဝတ်ကြီးနဲ့ ငါ့ကို ဘာလို့ ထိုင်စောင့်နေရတာလဲကွာ! အရင်လို ငါ့ကို ပစ်ထားလိုက်ပါလား။*

သမားတော် ရောက်လာတာမို့ ပြန်လှဲလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သမားတော် က အားလုံး စမ်းသပ်ပြီးတော့မှ

- ကြင်ယာတော် နောက်ဆို ပိုဂရုစိုက်ပါနော်။ အခုဆို ကြင်ယာတော် ကိုယ်ထဲမှာ နန်းသွေးလေးပါ ရှိနေတော့ အစစအရာရာ ပိုပြီး ဂရုစိုက်ပါ။

ကြားလိုက်ရတဲ့ စကားကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်ပြီး သလွန်ပေါ် ငုတ်တုတ်ထိုင်ကာ ချထားတဲ့ ကန့်လန်ကာ ကို ဆွဲဖယ် ပြီး

ကျန်းချန်(ကျိုး) - ခနက ဘာစကားပြောလိုက်တယ်။ ပြန်ပြောလိုက်စမ်း:!

ဒေါသသံပါနေတဲ့ ကြင်ယာတော်ကြောင့် သမားတော်မှာ လန့်သွားသည်။

- ကြင်ယာတော်မှာ နန်းသွေးလေး ရှိနေပါတယ်။

ကျန်းချန်(ကျိုး) - နန်းသွေး!! အဟက်!! ဒီအကြောင်း ဘယ်သူတွေ သိကြပြီလဲ။

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now