{2020 ခုနှစ်၊ ပေကျင်းမြို့}
(ဟိုက်ခွမ်း < ရှီးချန် & ကျိုးချန် < ကျန်းချန်)
နွေရာသီ အားလပ်ရက်ကုန်ဆုံးသွားပြီးနောက် ကျောင်းတွေလည်း အရင်လို ပြန်ဖွင့်ပြီ။ သို့သော် အရင်လို လူစုံတတ်စုံတော့ မဟုတ်တော့ဘူး။ ကျိရန် နဲ့ ဟောက်ရွှမ်း က စကောလားရှစ် ရတာမို့ လန်ဒန် ကို ထွက်သွားကြပြီ။
ရီပေါ် - ဝေ့ ကျိုးချန် မင်းရော စကောလားရှစ် လျှောက်....Sorry
ကျိုးချန်(ကျန်း) - ငါတောင်းပန်ပါတယ်။ ငါက မင်းအစ်ကို မဟုတ်တာကြောင့် စကောလားရှစ် လျှောက်ပေးဖို့ အရည်အချင်း မပြည့်ဝဘူး။ Roll One ဆိုတဲ့ နေရာကိုတောင် မနည်းထိန်းပေးနေရတာ။
ရီပေါ် - အာ ငါ က ဒီ..ဒီအတိုင်းဘဲ ပြောထွက်လိုက်တာပါ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။
ကျိုးချန်(ကျန်း) - အင်း
ဟိုက်ခွမ်း(ရှီး) - ဘာတွေ ပြောနေကြတာလဲ။
ကျိုးချန်(ကျန်း) - ဒီလိုပါဘဲ။ ဒါနဲ့ ကိုကို ညနေ ၀မ်အိမ်တော် သွားရမှာနော်။ ရီပေါ်! ရီပေါ်အဖေ ဆီက ပါးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
ရီပေါ် - တကယ်တော့ ဦးဦးက အခြေအနေ မကောင်းဘူး။ ကျိုးချန်ကော စိတ်မကောင်းဖြစ်မှာ စိုးလို့သာ ဦးဦးက ဟန်ဆောင်နေတာ။ ဦးဦးက အစာအိမ်ကင်ဆာ နောက်ဆုံး အဆင့်ရောက်နေပြီ။ သူရဲ့သား ကို စိတ်မချလို့ ဟိုက်ခွမ်းနဲ့ သဘောတူခဲ့တာတွေ ကလည်း အဲ့တာတွေကြောင့်။
ဟိုက်ခွမ်း(ရှီး) - ဒါဆို ကျိုးချန် က လုံးဝမသိဘူးပေါ့။
ရီပေါ် - အင်း!
ရှောင်းကျန့် - ကျိုးချန် ပြန်ရောက်လာတဲ့ အချိန်ထိ ဦးဦး ရှိပါစေလို့ ငါကတော့ ဆုတောင်းတယ်။ ကျိုးချန် က သူ့အဖေ ကို အရမ်းချစ်တာ။
ရီပေါ် - ကြင်ယာတော် ကျွန်တော်တောင်းဆိုပါတယ်။ ဒီရက်ပိုင်းမှာ ကျွန်တော့်အစ်ကို အစား ဦးလေး ကို ဂရုစိုက်ပေးလို့ ရမလား။
ကျိုးချန်(ကျန်း) - ရတာပေါ့။ ကျွန်တော် တို့ ဒီညနေဘဲ ၀မ်အိမ်တော်မှာ ပြောင်းနေပြီ ဦးလေးကို ဂရုစိုက်ပေပါးမယ်။
YOU ARE READING
နဖူးစာ ရွာလည် / နဖူးစာ ရှာလညျ {Zawgyi & Uni} (Completed)
FanfictionZawgyi ###### တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ သတ်နေကြသော သူတို့ နှစ်ဦး အက်ဆီးဒန့် တစ်ခုကြောင့် နှစ်ပေါင်း ၁၀၀၀ ခန့် လန်ခေတ် က အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသော အခါ အရမ်းချစ်ကြတဲ့ အိမ်ရှေ့စံမင်းသား နဲ့ ဘုရင်ခံရဲ့ သားတော် တ...