👑25👑 {Z & U}

654 86 25
                                    

{ရှီးချန် & ကျန်းချန်}

ရှီးဝမ် - မယ်မယ် ခမည်းတော်တို့ သွားတာကြာပြီ။ ဘာလို့ ပြန်မလာသေးကြတာလဲ။

ချင်းယွင် - အောင်နိုင်မှု နဲ့ အတူ ပြန်လာမှာမို့ ကြာနေတာပါ။ သားတော် အသက်၇နှစ်ပြည့်မွေးနေ့မှာ ဘာလိုချင်လဲ။

ရှီးဝမ် - ခမည်းတော်နဲ့ မယ်တော် ပြန်လာတာကို လိုချင်တယ်။ မယ်မယ် ခမည်းတော်တို့ဆီ အကြောင်းကြားစာ ပို့ပေးပါလား။ သားတော် မွေးနေ့အမှီ ပြန်လာဖို့။

ချင်းယွင် - မယ်မယ် အကြောင်းကြားပေးမှာပေါ့!

- မိဖုရားခေါင် အိမ်ရှေ့စံမင်းသားလေးကို စာသင်ဖို့ ပညာရေးအမတ်ကြီး ရောက်နေပါပြီ။

ချင်းယွင် - အင်း သားတော် စာသွားသင်တော့နော်။

ရှီးဝမ် - ဟုတ်ကဲ့ ပါ မယ်မယ်။

ရှီးဝမ်လေး က မိဖုရားခေါင်ကို နှုတ်ဆက်ပြီး စူးကုန်းကုန်းလက်ကို ဆွဲကာ စာသင်ဆောင်ဘက် ထွက်လာလိုက်သည်။

ချင်းယွင် - စုန့်ကုန်းကုန်း

- ရှိပါတယ် မိဖုရား

ချင်းယွင် - စစ်ပွဲ အခြေအနေ ဘယ်လိုရှိလဲ။

- ယွီ ရော ယင်းရော က အမတ်ဝေ တို့နဲ့ ပူးပေါင်းလိုက်တော့ ပိုပြီး အင်အားကြီးနေပါတယ်။

ချင်းယွင် - အမတ်ဝေ နဲ့ အမတ်ရန် ကို တစ်ခါတည်း မသတ်လိုက်ရတာ ကိုက မှားတာ။ အရှင်နှစ်ပါး သွားတာ ၂နှစ်နီးပါးတောင် ရှိနေပြီ။ စစ်ပွဲက ဘယ်အချိန်မှ ပြီးမှာလဲ။

- မိဖုရား ကို တစ်ခုပြောစရာရှိပါတယ်။

ချင်းယွင် - ဘာအကြောင်းလဲ။

- အရှင်မင်းကြီး အဆိပ်မိထားပါတယ်။ ရှေ့တန်းမှာ ကြင်ယာတော် ၊ မင်းသားဝမ့်ကျီး နဲ့ မင်းသားဝေ့က ဦးဆောင် ပြီး တိုက်နေရတာပါ။

ချင်းယွင် - အဆိပ်!

- မှန်လှပါ မိဖုရားခေါင်! မင်းကြီး အဆိပ်မိတာ ယင်းပြည်က အဆိပ်။ ပြီးတော့ နန်းကျမိဖုရား ရင်းအာ ကိုလည်း နေအိမ်မှာ မတွေ့ဘူး။

ချင်းယွင် - ရင်းအာ ရင်းအာ က အဲ့လိုမျိုး မလုပ်လောက်ဘူး။

ချင်းယွင် အ၀တ်အစားလဲကာ ရင်းအာ ရှိရာ စိမ့်စမ်းရေတံခွန်ဘက်က ရွာလေးကို ထွက်လာခဲ့သည်။ 

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now