{ရှီးချန် & ကျန်းချန်}
လန်ရှီးချန် က ဘုရင်ဖြစ်ပြီး ၁နှစ်လောက်နေတော့မှ ချင်မိဖုရားကို မိဖုရားခေါင် ရာထူး ပေးအပ်ချီးမြှင့်ပြီး ကြင်ယာတော်ကိုတော့ ဘုရင်အချစ်ဆုံးဘွဲ့ထူးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ကျန်းချန် - မိဖုရားခေါင် တောင်းပန်ပါတယ်။
ချင်းယွင် - ကြင်ယာတော်က ဘာလို့ တောင်းပန်ရတာလဲ။ ဒီကိစ္စက ကြင်ယာတော်နဲ့ မသက်ဆိုင်ပါဘူး။ ချင်းယွင် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းမို့ ချင်းယွင် နောင်တမရပါဘူး။
ကျန်းချန် - ရင်းအာ ကို ဘယ်လိုပြောထားလဲ။
ချင်းယွင် - ရင်းအာ က အစကတည်းက ချင်းယွင်ကို မမျှော်မှန်းတော့တာ။ အခုတော့ သူ့သမီးလေးနဲ့ ပျော်ရွှင်နေပြီ။
ကျန်းချန် - တစ်ခါတစ်လေ ဒီဂုဏ်ထူးဂုဏ်ပုဒ်တွေက လူကို တအား စိတ်အိုက်ပြီး ပင်ပန်းစေတယ်။
ချင်းယွင် - ရိုးရိုး သာမာန်လူတန်းစားဘဲ ဖြစ်ချင်တော့တယ်။ အခုတော့ ပြည်သူတွေ အတွက် ကြည့်ပေးရမှာပေါ့။
ကျန်းချန် - ချင်းယွင် ငါ စိတ်ပူနေတဲ့ အရာတစ်ခု ရှိတယ်။
ချင်းယွင် - သားတော်လေး ကြောင့်လား။
ကျန်းချန် - အင်း အခုဆို သားတော်လေးက အသက် ၅နှစ်ပြည့်ပြီးပြီ။ နောက်၂နှစ်!!နောက် ၂နှစ်ဘဲ ကျန်တော့တယ်။ သားတော်လေးကို သေချာ ဂရုစိုက်ပြီး ပျိုးထောင်ပေးပါ။ သားတော်လေး ကြင်ဖက်ရှာတဲ့ အချိန်ကျရင်လည်း သူတကယ်ချစ်နှစ်သက်တဲ့ သူကိုဘဲ ရှာပါစေ။ အတင်းအကျပ် လက်ထပ်ခိုင်းတာမျိုး မလုပ်ပါနဲ့။
ချင်းယွင် - ချင်းယွင် နားလည်ပါတယ် ကြင်ယာတော်။ အခုတောင် သားတော်လေးက ငယ်ငယ်ရွယ်ရွယ် နဲ့ အရမ်းကို တော်လွန်းနေပါတယ်။
ကျန်းချန် - အကယ်၍ ငါနဲ့ မင်းကြီး နတ်ရွာစံသွားရင် ခမည်းတော် နဲ့ မယ်တော် က သားတော်ကို အရမ်းချစ်ကြောင်း ပြောပြပေးပါ။
ချင်းယွင် - ကြင်ယာတော် ၂နှစ်တောင် ကျန်သေးတယ်။ သားတော်အနားမှာ နေပေး....
YOU ARE READING
နဖူးစာ ရွာလည် / နဖူးစာ ရှာလညျ {Zawgyi & Uni} (Completed)
FanfictionZawgyi ###### တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ သတ်နေကြသော သူတို့ နှစ်ဦး အက်ဆီးဒန့် တစ်ခုကြောင့် နှစ်ပေါင်း ၁၀၀၀ ခန့် လန်ခေတ် က အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသော အခါ အရမ်းချစ်ကြတဲ့ အိမ်ရှေ့စံမင်းသား နဲ့ ဘုရင်ခံရဲ့ သားတော် တ...