👑7👑{Z & U}

857 109 28
                                    

{2020 ခုနှစ် ပေကျင်းမြို့}

(ဟိုက်ခွမ်း > ရှီးချန် & ကျိုးချန် > ကျန်းချန်)

#နေရာချိန်း#

ကျိုးချန် (ကျန်း) - စာသင်ကျောင်းကြီးက မိုက်တာ။

ရီပေါ် - ကျိုးချန် မင်း သတိလေးဘာလေး ထားပါအုံးကွာ။ မသိရင် တောသားမြို့ရောက်လာတာနဲ့ တူနေပြီ။

ဟောက်ရွှမ်း - ဒါနဲ့ ဟိုက်ခွမ်း အဆင်ပြေပါ့မလား။ ကျောင်းအုပ်ကြီးက ခေါ်တော့။

ရီပေါ် - အဆင်ပြေမှာပါ။ ကျောင်းအုပ်ကြီးကို အကျိုးအကြောင်းပြောထားလို့။

ရှောင်းကျန့် - မင်းတို့ သိပြီးကြပြီလား။

ရီပေါ် - ဘာကိုလဲ

ကျိရန် - ငါတို့ လန်ဧကရာဇ်အကြောင်း စာတမ်းပြုစုပြီးပြီ။ လက်တွေ့ဆင်းရမယ်တဲ့။ မြို့တော်ဟောင်းကို သွားရမယ်တဲ့။

ရီပေါ် - တကယ်!

ကျိုးချန်(ကျန်း) - မြို့တော်ဟောင်း ! လန်ဧကရာဇ်

ရှောင်းကျန့် - ကျိုးကျိုးလေးက နေမကောင်းလိုက်တော့ ဘယ်သိမလဲ။ ငါပြောပြမယ် လန်ဧကရာဇ် လန်ရှီးဝမ် အကြောင်း။

ကျိုးချန်(ကျန်း) - လန်ရှီးချန် မဟုတ်ဘူးလား။

ရှောင်းကျန့် - မဟုတ်ဘူး။ လန်ရှီးချန် က အမတ်ဝေ၊ အမတ်ရန် တို့ရဲ့ လုပ်ကြံမှုကြောင့် သက္ကရာဇ် ၁၀၅၇ ခုနှစ်မှာ နတ်ရွာစံခဲ့တယ်။ သူရဲ့ သားတော် လန်ရှီးဝမ်က နန်းတတ်ခဲ့တာလေ။

ကျိုးချန်(ကျန်း) - လန်ရှီးဝမ် က မိဖုရားခေါင်နဲ့ ရတဲ့ ကလေးလား။

ဟောက်ရွှမ်း - မဟုတ်ဘူး။ သူ့ကြင်ယာတော် ကျန်းဝမ်ရင် နဲ့ ရတာ။ လန်မင်းကြီးက ဘယ်မိဖုရားနဲ့မှ အိပ်ဆောင်မ၀င်ဘူးလေ။

*ငါနဲ့ ကလေးရတာ!! ငါက အခု ဒီဘက်တိုင်းပြည်မှာလေ။ အဲ့ကလေးကို ဘယ်သူမွေးမှာတုန်း!!*

ရီပေါ် - ငါ သိချင်တာ ယင်းမင်းသမီး။ သူက ရော

ကျိရန် - သူ့ကို ကြင်ယာတော် ကိုယ်တိုင်သတ်ပစ်တာ။ မင်းကြီးလန်ရှီးချန် ကို အဆိပ်ခတ်မှုနဲ့!!

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now