👑18👑 { Z & U }

679 97 18
                                    

{2020 ခုနှစ်၊ ပေကျင်းမြို့}

(ဟိုက်ခွမ်း > ရှီးချန် & ကျိုးချန် > ကျန်းချန်)

ရီပေါ် - ရှီးချန် ၊ ကျန်းချန်ရော

ရှီးချန် - အပေါ်ထပ်မှာ အခုထိ အခန်းထဲက ထွက်မလာသေးဘူး။

ရှောင်းကျန့် - သူတော်တော် စိတ်မကောင်း ဖြစ်နေမှာ။ ငါတို့ သွားအားပေးရအောင်။

ရှီးချန် - မင်းတို့ အရင်သွားကြ။ ကိုယ် အအေးနဲ့ မုန့် ယူလာခဲ့မယ်။

ရီပေါ် - ဟုတ်!

ရီပေါ် နဲ့ ရှောင်းကျန့် အပေါ်ထပ် ကို တတ်လာလိုက်သည်။ ရှီးချန်တို့ နေတဲ့ အခန်းရှေ့ရောက်တော့

ဒေါက်!ဒေါက်

ရီပေါ် - ကျန်းချန် တံခါးဖွင့်

ချပ်!!

တံခါးဖွင့်ပေးလာတဲ့ ကျန်းချန် မျက်နှာကို ကြည့်ပြီး ကျွန်တော်တို့ နှစ်ယောက်မှာ ပါးစပ်အဟောင်းသား။ ဘယ်လောက်ထိ ငိုထားပါလိမ့်၊ မျက်ခွံတွေက ဖောင်းအစ်ပြီး မျက်လုံးတွေက နီရဲလို့။ နှာသီးဖျားလေးပါ နီရဲနေတာ!

ရှောင်းကျန့် - ကျန်း... ကျန်းချန် မင်း..

ကျန်းချန် - အီး..ဟီးး ငါ ကျိုးချန် သိက္ခာကို ချမိပြီ ထင်တယ်။

ရီပေါ် - မ...မငိုနဲ့လေ။ ဒီဘာသာ က မင်းမှ မထူးချွန်တာကို။ ဟိုကောင် ကျိုးချန် ကသာ တမူထူးခြားပြီး အဲ့ဘာသာကို ထူးချွန်နေတာ။ မင်း အပြစ် မဟုတ်ပါဘူး။

ကျန်းချန် ၀မ်းနည်းပြီး ငိုနေရတာက မနေ့က နိုင်ငံတကာကျောင်းပေါင်းစုံ ပညာရေးဖလှယ်တဲ့ ပွဲမှာ ကျန်းချန် က ကျိုးချန် အစား English ဘာသာ ကို ၀င်ရောက်ဖြေဆိုရတာ။ ဟိုက မေးတဲ့ မေးခွန်း က အလွယ်လေး ပေမယ့် ကျန်းချန် လို ကြင်ယာတော်က အချိန် ၁လအတွင်း ဘယ်လို ရမလဲ။

ကျွန်တော်တို့ ကျောင်းက ရှုံးသွားပေမယ့် ကျန်းချန် ကို ဘယ်သူမှ အပြစ်မတင်ကြဘူး။ အဲ့တာကို ကျန်းချန် က တွေးပြီး ငိုနေတာ!

ကျန်းချန် - ငါက အသုံးမကျဘူး။ ဒီဟာလေးတောင် မလုပ်နိုင်ဘူး။

ရှောင်းကျန့် - မင်းကို မင်း အပြစ်မတင်ပါနဲ့။ ဒါက ပညာရေးဖလှယ်တဲ့ပွဲလေးတစ်ခုပါဘဲ။

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now