ကျိုးချန် - ငါတို့ကို ဘာလို့ချိန်းတာလဲ ချင်းယွင်
မနက်စောစောစီးစီး ဖုန်းလှမ်းဆက်ပြီး *****Cafe မှာ တွေ့ဖို့ ချိန်းလာတဲ့ ချင်းယွင်။
ချင်းယွင် - ငါ မင်္ဂလာဆောင်တော့မှာမို့ နင်တို့ကို လာဖိတ်တာ။
ရီပေါ် - နင့်လို ဆပ်ပြာသည်မ ကို ယူမဲ့လင်က ရှိသေးတာလား။
ဟောက်ရွှမ်း - နင့် ယောကျာ်းကိုလည်း လင်မပေးစားနဲ့အုံးနော်။
ချင်းယွင် - ငါ ယောကျာ်းယူမယ်လို့ ပြောမိလို့လား။
ဟိုက်ခွမ်း - ဘာလဲ ယောကျာ်းမယူဘဲ မိန်းမယူမလို့လား။
ဟိုက်ခွမ်း အပြောမှာ ချင်းယွင်က ပြုံးလိုက်သည်။ ထိုအရာကို မြင်လိုက်တဲ့ ကျိရန် က အံ့သြတကြီးနဲ့
ကျိရန် - တကယ်ကြီးလား။
ချင်းယွင် - အွန်း ရင်းအာ နဲ့။
ဒီတစ်ခါတော့ အားလုံး မျက်လုံးပြူးကုန်ပြီ။ ရင်းအာ ဆိုတာက ဟိုက်ခွမ်း နား ရစ်သီရစ်သီလုပ်နေတဲ့ စပ်စလူးဒိုးပစ်နေတဲ့ တစ်ယောက်!
ရှောင်းကျန့် - ဘာရယ်! နင်တို့ နှစ်ယောက်က မတည့်ကြဘူးလေ။
ချင်းယွင် - ဟိုက်ခွမ်း နဲ့ ကျိုးချန် တောင် တည့်လို့လား။
ကျိုးချန် - ငါတို့ဘက် လှည့်မလာနဲ့။ ပြောစမ်းပါအုံး နင်တို့ နှစ်ယောက်က ဘယ်လို ကြိုက်သွားကြတာလဲ။
ချင်းယွင် - ကျောင်းပြီးတော့ အလုပ်အတူတူ လုပ်ရင်း နဲ့မှ ငြိသွားကြတာ။
ချင်းယွင် ရဲ့ မျက်လုံးတွေမှာ ၀မ်းနည်းမှုတွေ ကို တွေ့လိုက်ရတော့ ကျိုးချန် တစ်ခုခု ကို ရိပ်မိကာ
ကျိုးချန် - ချင်းယွင် ငါတို့ နှစ်ယောက်တည်း သီးသန့်စကား ပြောလို့ရမလား။
ချင်းယွင် - အင်း!
ကျိုးချန် - မောင် ခနနေခဲ့အုံး။
ဟိုက်ခွမ်း - အင်း
ကျိုးချန် နဲ့ ချင်းယွင် ထသွားတော့မှ ဟိုက်ခွမ်း အရမ်းသောက်ချင်နေတဲ့ ဆေးလိပ်ကို အပြင်ထွက်သောက်သည်။ ရီပေါ် နဲ့ ဟောက်ရွှမ်း ကလည်း ဝေ့လည်ဝေ့လည် လုပ်ပြီး ဆိုင်ပြင်ထွက်ကာ ဆေးလိပ် ခိုးသောက်ကြသည်။
YOU ARE READING
နဖူးစာ ရွာလည် / နဖူးစာ ရှာလညျ {Zawgyi & Uni} (Completed)
FanfictionZawgyi ###### တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ သတ်နေကြသော သူတို့ နှစ်ဦး အက်ဆီးဒန့် တစ်ခုကြောင့် နှစ်ပေါင်း ၁၀၀၀ ခန့် လန်ခေတ် က အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသော အခါ အရမ်းချစ်ကြတဲ့ အိမ်ရှေ့စံမင်းသား နဲ့ ဘုရင်ခံရဲ့ သားတော် တ...