👑6👑{Z & U}

957 113 26
                                    

{2020 ခုနှစ်၊ ပေကျင်းမြို့}

(ဟိုက်ခွမ်း > ရှီးချန် & ကျိုးချန် > ကျန်းချန်)

#နေရာချိန်း#

ဆေးရုံမှာ နေလိုက်တဲ့ ရက်အတွင်းမှာ ခန္ဓာကိုယ်ပိုင်ရှင်တွေ ရဲ့ အကြောင်း ကောင်းကောင်းသိလိုက်ရတယ်။ သူတို့ နှစ်ယောက်က အမြဲတမ်း တကျက်ကျက် နဲ့ ခွေးတွေလိုဘဲ ကိုက်နေကြတာတဲ့။

ဒီလိုလူနှစ်ယောက်ကို ဘာလို့ လက်ထပ်ပေးတာလဲ ဆိုတာ ကိုယ်တော် စဉ်းစားလို့ မရဘူး။ ဒီတိုင်းပြည်က ဆူညံတယ်။ ပြီးတော့အနံ့အသက်လည်း မကောင်းဘူး။ သဘာဝလေ ဆိုတာလည်း မရှိ၊ သဘာဝလေ မရှိတဲ့ ကြားထဲ ကြက်ငှက်တုပ်ကွေး က ဖြစ်လိုက်သေးတယ်။ ကျစ် ကျစ်!! ဒီတိုင်းပြည်ကို အုပ်စိုးနေတဲ့ ဘုရင် ဘယ်သူဆိုတာ အရမ်း သိချင်တယ်။

ကျိုးချန်(ကျန်း) - မင်းသား ဘာတွေတွေးတော်မူနေတာလဲ။

ဟိုက်ခွမ်း(ရှီး) - ဒီတိုင်းပြည် အကြောင်းပါ။ ဒီလို လူနေထူထပ်ပုံမျိုးနဲ့ ဆို ရောဂါတွေက ပိုဆိုးမယ်။ လေကောင်းလေသန့် လည်း မရဘူး။ သူတို့ ရဲ့ မီးခိုရောင်အငွေ့တွေက အဆိပ်ငွေ့တွေ ကျနေတာဘဲ။

ရှေ့က လူနှစ်ယောက် စကားပြောတဲ့ လေသံကအစ ပြောင်းလဲနေကြတဲ့ နှစ်ယောက်ကို ရီပေါ်တို့ လေးယောက်သား ကြည့်နေကြသည်။

ရီပေါ် - စောက်တတ်ကြီးက ပြောတော့မယ်။ မွေးကတည်းက ဒီမြို့မှာနေ၊ ဒီမြို့က အငွေ့တွေ ရှူ လာတဲ့ လူက အခုမှ ထဖောက်ရတယ်လို့။

ဟောက်ရွှမ်း - မင်းတို့ နှစ်ကောင် ခေါင်းထိပြီး ရူးသွားတာကို လက်ခံနိုင်ပေမယ့် ဒီလိုမျိုးကြီးတော့ မပြောနဲ့။ တော်ကြာ သမ္မတ က မင်းတို့ကို မြောက်ကိုရီးယား ပို့မှ အဖေ ကယ်ပါ အမေကယ်ပါ မလုပ်နဲ့။

တယ် စကားအပြောအဆို ရိုင်းစိုင်းပါဘိ။ ငါ့နန်းတော်ထဲ အဲ့လို ရိုင်းစိုင်းကြည့် အားလုံးကြိမ်ဒဏ်ပေးပြီးပြီ။ အင်း ဒီခန္ဓာပိုင်ရှင် နှစ်ယောက်က တကျက်ကျက်ရန်ဖြစ်နေကြဆိုတော့

ဟိုက်ခွမ်း(ရှီး) - အဟမ်း ကျိုးချန် အပေါ်ခနလိုက်ခဲ့။ ပြောစရာ ရှိတယ်။

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now