👑20👑{Z & U}

789 99 50
                                    

{2020 ခုနှစ်}

(ဟိုက်ခွမ်း & ကျိုးချန်)

နှာခေါင်းထဲတိုးဝင်လာတဲ့ ခပ်ပြင်းပြင်းဆေးနံ့တွေကြောင့် ကျိုးချန် သတိရလာသည်။ မျက်လုံးကို အသာအယာဖွင့်လိုက်တော့ စူးခနဲ ခံစားလိုက်ရတဲ့ မီးရောင် ကြောင့် မျက်လုံးတွေကို ပြန်မှိတ်ပြီးနောက် ခပ်ဖြေးဖြေးချင်း ပြန်လည် ဖွင့်ကြည့် လိုက်သည်။

မြင်တွေ့လိုက်ရတဲ့ မျက်နှာကြက်အဖြူရယ်၊ ဆေးနံ့တွေရယ် ဘေးပတ်ဝန်းကျင် က အရင်က မိမိတွေ့မြင်ဖူးတဲ့ အရာတွေကြောင့်

*ငါ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီလား!!!*

ရီပေါ် - ကျန်းချန်၊ ကျန်းချန်

*ကျန်းချန်!! ဒါဆို ငါတို့က ၀ိဥာဉ်လဲသွားတာလား။*

ဟောက်ရွှမ်း - ကျန်းချန် စကားလေး ဘာလေး ပြောပါအုံး။ ရေနစ်ပြီး အသွားတာလား။

ကျိုးချန် - ရီပေါ်! ဟောက်ရွှမ်း၊ ငါ ကျန်းချန် မဟုတ်ဘူး။ မင်းတို့ အစ်ကို ကျိုးချန်!

ဟောက်ရွှမ်း - ကျိုး...ကျိုးချန်!! ကော..ကော ပြန်လာပြီပေါ့နော်။ ကော ပြန်လာပြီနော်။

ရီပေါ် - ကော ကျွန်တော်ဝမ်းသာလိုက်တာ ကောရယ်!!

ရီပေါ်နဲ့ ဟောက်ရွှမ်း ၊ ကျိုးချန် ကို ဖက်ကာ အော်ငိုကြတော့သည်။ ကျိုးချန် ညီနှစ်ယောက်ရဲ့ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း

ကျိုးချန် - ပါး နဲ့ မား ရော နေကောင်းရဲ့လား။

ဟောက်ရွှမ်း - ကော စိတ်အေးအေးထားနော်၊ ဦးဦး နဲ့ တီလေး ဆုံးသွားပြီ။ ပြီးတော့ ဟိုက်ခွမ်း ရဲ့ အဖေရောဘဲ။

ကျိုးချန် - ပါး နဲ့ မား ဆုံး..ဆုံးသွားပြီ။

ရီပေါ် - အင်း ၆လတောင် ရှိတော့မယ်။ ဟိုက်ခွမ်း ပါးပါး ဆုံးကာ ၁နှစ်ကျော်ပြီ။

ကျိုးချန် - ငါ့ကို အဖြစ်အပျက်တွေ ပြောပြစမ်းပါ။

ရီပေါ် - ကောတို့ မင်္ဂလာဆောင်တဲ့ နေ့က ကားအက်ဆီးဒန့်ဖြစ်ကြတာတော့ သိတယ်မလား။ ကောတို့ သတိမေ့နေတာ ၃ရက်၊ သတိပြန်ရလာတော့ ကောတို့က ပုံစံပြောင်းသွားတယ်။ ၃လလောက်နေတော့ မသင်္ကာလို့ ကျွန်တော်တို့ စမ်းသပ်တော့မှ ကော တို့ ခန္ဓာကိုယ်ထဲကို လန်ရှီးချန် နဲ့ ကျန်းဝမ်ရင် ဆိုတဲ့ ကောင်လေး နှစ်ယောက် ရှိနေတယ်။

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now