👑17👑{Z & U}

689 94 24
                                    

{1020 ခုနှစ်၊ လန်ခေတ်}

(ရှီးချန် < ဟိုက်ခွမ်း & ကျန်းချန် < ကျိုးချန်)

ကြင်ယာတော် ပြန်ပေးဆွဲခံရပြီးနောက် အိမ်ရှေ့စံမင်းသားက ကြင်ယာတော်ကို မျက်စိအောက်က အပျောက်မခံ၊ ညီလာခံ သွားတတ်လည်း ကြင်ယာတော်ကို ခေါ်သွားတယ်။ ဘယ်သွားသွား ကြင်ယာတော် ကို ခေါ်သွားတာ။

ကြင်ယာတော် ကလည်း မင်းသားအလစ်ကို ချောင်းပြီး ပျောက်ပျောက်သွားသလား မမေးနဲ့။ ကိုယ်ဝန်ကိုမှ အားမနာ။ ပြောလိုက်ရင်လည်း မျက်နှာငယ်နဲ့ အိမ်ရှေ့စံမင်းသား ကို တိုင်သေး။

အခုတော့ ကြင်ယာတော် ရဲ့ မျက်နှာလေးက မှိုင်ထွေလို့။ အကြောင်းရင်းက အိမ်ရှေ့စံမင်းသား စစ်တိုက်ထွက်မှာ မို့။ လန်တိုင်းပြည်က စစ်တပ်အင်အား တောင့်တင်း သည်။ အကြောင်းမှာ အရွယ်ရောက် ယောကျာ်းပျိုတွေ သာမက မိန်းမပျိုလေးတွေကပါ စစ်တပ်ထဲ ၀င်ရောက်လာခြင်း။ လန်တိုင်းပြည်နဲ့ အတူ၊ ဝေ့တိုင်းပြည်၊ ကျင်းတိုင်းပြည်၊ အပါအ၀င် ယွင်မုန်မြို့စားမင်း ဘုရင်ခံ ကျန်းဖုန်းမြန် လည်း စစ်ပွဲမှာ ပါဝင်သည်။

ကျိုးချန် - ဟိုက်ခွမ်း မင်း တကယ်ဘဲ ရှေ့တန်းသွားတော့မှာလား။

ဟိုက်ခွမ်း - အင်း! ယွီ တွေကို စစ်ကြော်ငြာ ပြီးပြီ။

ကျိုးချန် - ဘယ်လောက်ကြာမှာလဲ။

ဟိုက်ခွမ်း - အနည်းဆုံး ၁နှစ်လောက် ကြာမယ် ထင်တယ်။

ကျိုးချန် - မင်း ဘေးကင်းကင်းနဲ့ ပြန်လာခဲ့နော်။ မင်း ပြန်လာခဲ့ရင် ငါ မင်းလိုချင်တဲ့ အဖြေကို ပေးမယ်။

ဟိုက်ခွမ်း - ကိုယ် မင်းဆီ ပြန်လာမှာပါ။ မင်း ကလေးမွေးမဲ့ အချိန် ကိုယ် မင်းအနားမှာ ရှိနေမပေးနိုင်လို့ စိတ်မကောင်းနဲ့နော်။

ကျိုးချန် - ဟိုက်ခွမ်း!! အကယ်၍ ငါတို့ ဒီဘက်မှာ အပြီးနေရရင် ငါတို့ ပျော်စရာကောင်းတဲ့ မိသားစုလေး အဖြစ် နေကြရအောင်။ အဲ့အတွက် မင်း က အန္တရာယ်ကင်းကင်း နဲ့ ပြန်လာခဲ့နော်။

ဟိုက်ခွမ်း - ကိုယ် ကတိပေးတယ် အားချန်။ ကိုယ့်ကို  အင်္ကျီဝတ်ပေးမယ် မလား။

နဖူးစာ ရွာလည် / နဖူးစာ ရွာလည် {Zawgyi & Uni} (Completed)Where stories live. Discover now