Zawgyi Version,
*ဒေါက်..ဒေါက်..ဒေါက်*
*nae*
*Park Jimin shii အောက်မှာ CEO စောင့်နေပါတယ် သွားရအောင်*
*ကောင်းပါပီ*
ထို့နောက် မနေ့ညထဲက ကြိုတင်အ၀တ်အစားတွေထည့်ထားသော luggageကိုယူသွားသော အတွင်းရေးမှုး....
အခုချိန်အထိ အခန်းထဲကနေ အပြင်ကိုထွက်မလာသေးသော Hoseok...
*Ho..Hoseok*
*...*
*ငါဝင်လာခဲ့မယ်နော်*
*...*
သူဝင်သွားသော အခန်းထောင့်မှာ ဒူးနှစ်ချောင်းထောင်ကာ ထိုင်နေသော လူသား....
*Hoseok yrr*
*သွားမှာမလား...မြန်မြန်သွား...မေမေ့ကိုထားခဲ့*
*ငါမေမေ့ကိုခေါ်သွားချင်တယ် Hoseok*
*ဟက်...မင်းကတော့ Jeon Jung Kookမျက်နှာနဲ့လိုက်သွားပေမဲ့ မေမေက အဲ့အိမ်မှာနေနိုင်မယ်ထင်လား...သူငယ်ပြန်နေတဲ့ မေမေ့ကို အဲ့အိမ်ကလက်ခံမယ်ထင်လား...Tae Hyungကို အားနာစိတ်လေးရှိရင် မင်းမေမေ့ကိုထားခဲ့*
*ငါ...ငါ*
*ဘာမှဆက်မပြောနဲ့တော့ Park Jimin....*
*ဦး..ဦး* ဆိုပီး သူ့လက်ထဲက သားလေးက Hoseokကိုလက်ညိုးထိုးကာ Hoseok ဆီသွားရန် သူ့လက်ထဲက အတင်းရုန်းနေခဲ့သည်....
သို့သော် Hoseok ကတော့ သားလေးကို မျက်နှာလွှဲထားလျက်....
*ငါသွားတော့မယ် Hoseok...မင်းငါ့ကိုမုန်းလည်း ငါ့ရင်ထဲမှာမင်းရှိနေသေးတယ်ဆိုတာ မင်းသိတယ်မလား*
*...*
*ကျန်းမာရေးဂရုစိုက်ပါ...*
ကွဲအက်လာတဲ့အသံနဲ့အတူ သူလည်း ထွက်သွားရန်မတ်တပ်ရပ်လိုက်သည်...
ထိုချိန်...
*မင်းနဲ့ လက်မထပ်ခင်ညက Taeက ငါ့ဆီဖုန်းဆက်ခဲ့တယ်...သူ...သူဘယ်လောက်ပျော်နေလဲသိလား...သူ့ဘ၀မှာ အပျော်ဆုံးအချိန်တဲ့....နောက်ပီးတော့ မင်းJihyung လေးကို မွေးတဲ့နေ့ကဆိုရင် Taeပျော်လွန်းလို့....ငိုပါငိုခဲ့တာ သိရဲ့လား.....အဲ့လောက်အထိ...အဲ့လောက်အထိ သူ့အရာအားလုံးကို မင်းဆီပုံအပ်ပီးချစ်ခဲ့တာ....တလောကလုံးမှာမင်းနဲ့Jihyungမျက်နှာကိုပဲကြည့်ပီးရှင်သန်ခဲ့တာ.....မင်းကတော့ သူကြားချင်တဲ့စကားတခွန်းကိုတောင် မပြောနိုင်ခဲ့တဲ့သူ*
YOU ARE READING
ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)
Randomမင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin မင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin