Zawgyi version,
*CEO Kim Shii အခု ဘယ်လိုဖြစ်တာလဲ*
*ငါတို့ဆက်ပီး Shareမ၀င်နိုင်တော့ဘူး CEO Kim*
*တကယ်လို့ Kim Groupက တရားမ၀င်ကုန်ပစ္စည်းတွေသုံးထားရင် တရားရင်ဆိုင်ရမှာ ငါတို့Share၀င်တွေ ဘယ်လိုလုပ်ရမှာလဲ*
အစည်းအဝေးခန်းထဲတွင် တယောက်တပေါက် ပြောဆိုနေကြသော Shareရှင်တွေကို သူ့ဘက်က ဖြေရှင်းချက် ကောင်းကောင်းမပေးနိုင်ခဲ့.....
*ကျေးဇူးပြုပီး စိတ်ငြိမ်ငြိမ်ထားကြပါ ဒီကိစ္စကျွန်တော် အကောင်းဆုံးဖြေရှင်းမှာပါ*
*ဘယ်လိုဖြေရှင်းမှာလဲ CEO Kim ယိုင်နဲ့နေတဲ့ တံတားကို အရဲစွန့်ပီးဖြတ်လျှောက်ရအောင် ငါတို့အဲ့လောက်မရူးမိုက်ဘူး ငါ့Shareတွေပြန်ထုတ်မှာမို့လို့ အကုန်လျော်ပေးဖို့စီစဉ်ထားပါ*
*ဟုတ်တယ် ငါတို့လည်း Shareတွေပြန်ထုတ်မယ်*
အစည်းအဝေးခန်းထဲတွင် Shareတွေပြန်ထုတ်မယ်ဆိုပီး အော်ဟစ်ကာ သူ့ကိုချန်ခဲ့ပီး တယောက်ပီးတယောက် ထွက်သွားကြလေသည်...
အားလုံးထွက်သွားတော့မှ သူလည်း စဉ်းစားရကြပ်လာသဖြင့် စည်းထားသော Necktileကို လက်နဲ့ လျောချကာ ဆံပင်ကိုသပ်တင်လိုက်သည်...
*အခု ဘာဆက်လုပ်ကြမလဲCEO*
*ရင်းနှီးမြုပ်နံသူရှာရမှာပေါ့*
*ထင်သလောက်မလွယ်ဘူးထင်တယ် CEO*
*ကြိုးစားကြည့်ရမှာပေါ့ အရင်ဆုံး Chinaဘက်က ရုံးခွဲမှာရော အဆင်ပြေရဲ့လား*
*ရုံးခွဲတွေလည်း အကြပ်ရိုက်နေပါတယ်CEO*
*ဟူး......ဘာကနေဘယ်လို ထုတ်ကုန်က တရားမ၀င်ဖြစ်သွားရတာလဲ သေချာမစီစစ်ကြဘူးလား*
*Markating ဌာနကလူတွေလည်း သေသေချာချာ စီစစ်ကြပါတယ်...ကျွန်တော်အထင် တယောက်ယောက်က ကုန်ကြမ်းအချက်အလက်တွေကို ခိုးပီး တရားမ၀င်တဲ့ ပစ္စည်းအချက်အလက်နဲ့လဲလိုက်တာလို့ထင်မိတယ်.....*
YOU ARE READING
ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)
Randomမင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin မင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin