Zawgyi version,
Hoseok တို့်အိမ်ရောက်တော့ သူ့အင်္ကျီကို ကျစ်ကျစ်ပါအောင်ဆွဲထားသော မေမေ
*မေမေ ဒါသားတို့ နေမဲ့နေရာလေ မေမေမကြောက်နဲ့နော်*
*သားလေး..ငါ့သားလေးလဲမလာသေးဘူး ကိုကိုလေး*
*မေမေ့သားလေးကလေ အခုအဝေးကြီးမှာအလုပ်လုပ်နေတယ်လေ မေမေ့ရဲ့ အဲ့ဒါကြောင့် အခုမေမေ့အနားမှာမရှိပေးနိုင်တာလေ*
*တကယ်လား*
*ဒါပေါ့*
မတက်နိုင်ပါ မေမေ့ကိုသူလိမ်ခဲ့မိသည်...
ဒီလိုအခြေအနေမျိုးမှာ မေမေ့ကို သူအမှန်တိုင်းမပြောပြရက်ပေ....
ထို့နောက် သူချီထားသော သားလေးမှာ နိုးလာကာ သူ့ကိုမော့ကြည့်နေလေရဲ့....
*Hoseok ငါသားလေးကို မျက်နှာသွားသစ်ပေးချင်လို့ ဘယ်အခန်းကို သွားရမလဲဟင်*
*ညာဘက်က အခန်းကိုသွားလိုက် Jimin ငါ ပစ္စည်းတွေနေရာချပေးထားမယ်*
*အွန်း*
မကြာပါ Hoseok ညွှန်ပြသော အခန်းသို့ ၀င်လာပီး သားလေးကိုမျက်နှာသစ်သွားတိုက်ပေးကာ ကိုယ်လက်သန့်စင်ပေးခဲ့သည်....
Hoseok တို့မိသားစုသည် သူနဲ့Taeတို့လောက် အဆင်မပြေပေမဲ့ နေနိုင်စားနိုင်ရုံသာ...
မိဘနှစ်ပါးလုံးက အစိုးရ၀န်ထမ်းမို့လို့ ပင်စင်သွားပီးထဲက ဂွမ်ဂျူတွင်လယ်ပြန်စိုက်သောကြောင့် ဆိုလ်းတွင် Hoseokတယောက်ထဲသာကျန်ခဲ့သည်......
Hoseokကလည်း အစိုးရရဲဝန်ထမ်း တယောက်မို့လို့ သူတယောက်ထဲအတွက် သူ့လစာက လုံလောက်ရုံမျှသာ....
ထို့ကြောင့် မတက်နို်င်တဲ့အဆုံး သူလည်းအလုပ်ထွက်လုပ်မှပင်....
..........
သားလေးကို ကိုယ်လက်သန့်စင်ပီး ထွက်လာတော့ အိမ်ရှေ့စားပွဲအပုလေးတွင် ထမင်းပူပူ ဟင်းပူပူလေးတွေကိုတင်ထားကာ စောင့်နေသော မေမေနဲ့Hoseok....
YOU ARE READING
ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)
Randomမင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin မင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin