Zawgyi version,
*Jung..Jung Kook*
*aww Yoon Gi သတိရပီလား*
*ငါဘယ်လိုဖြစ်သွားတာလဲ*
*မနေ့က မင်းမေ့လဲသွားလို့ အဲ့ဒါမင်းကိုအခု အားဆေးသွင်းပေးထားတာ*
*Appa...Appaရောဟင်*
*ဦးလေးကို ရေခဲတိုက်မှာထားထားတယ်...မင်းနာလန်ပြန်ထူမှ အသုဘကိစ္စလုပ်တာပေါ့*
*ငါမှားတာပါ...ငါက အရမ်းဆိုးတဲ့သားတယောက်ပါ Jung Kook*
*အဲ့လိုမတွေးရဘူးလေ Yoon Giရာ*
*ငါအမြဲ Appaအပေါ် စိတ်ဆိုးနေခဲ့မိတာ...အဟင့်...
Appaကြောင့် ငါကျောင်းလည်းဆက်တက်ခွင့်မရတော့ပဲ..အဟင့်...ခုလိုအလုပ်တွေလုပ်ပီး အကြွေးတွေဆပ်နေရတယ်ဆိုပီး...Appaကို အပြစ်တင်ပီး ငါကောင်းကောင်းမဆက်ဆံခဲ့မိဘူး...အဟင့်..**Yoon Giရယ်*
သူ့မှာ Yoon Giကို ဘယ်လို နှစ်သိမ့်ပေးရမလဲ သူစဉ်းစားမရတော့...ငယ်ငယ်လေးထဲက မိဘဆိုတဲ့ရင်ခွင်မှာမနေခဲ့ရလို့ အခုချိန် Yoon Giအတွက် ဘယ်အရာက အကောင်းဆုံး နှစ်သိမ့်မှုဖြစ်မလဲဆိုတာ သူမသိပါ.....
*ငါ...ငါAppaဆီသွားကြည့်ချင်တယ်* လို့ပြောပီး လှဲနေရာက ထကာ လက်တွင် ထိုးထားသော အားဆေးပိုက်တွေကို ဆွဲဖြုတ်နေသော Yoon Gi...
*Yoon Gi...စိတ်ထိန်းစမ်း....Min Yoon Gi* ဆိုပီး အားဆေးပိုက်တွေကို ဆွဲဖြုတ်နေသော Yoon Giလက်တွေကို သူချုပ်ကိုင်ထားလိုက်ရသည်.....
သို့သော်...
သူချုပ်ထားသော လက်တွေကို ရုန်းကာ သူ့လည်ပင်းကို ဖက်တွယ်လိုက်သော Yoon Giရဲ့ လက်တစုံ.....
*ငါ ခုလိုလုပ်တာ တောင်းပန်ပါတယ် Jung Kook* လို့ပြောပီးပီးချင်း သူ့နှုတ်ခမ်းသို့ ထိကပ်လာသော Yoon Giရဲ့နှုတ်ခမ်းတစုံ.....
လည်ပင်းကို ဖက်တွယ်ထားသော Yoon Giရဲ့လက်များကြောင့် အရှိန်မထိန်းနိုင်ပါပဲ ကုတင်ပေါ်သို့ သူလဲကျသွားခဲ့သည်.....
YOU ARE READING
ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)
Randomမင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin မင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin