(Ep-23)Z/U

4.7K 603 28
                                    

Zawgyi Version,

အုံ့မှိုင်း​နေ​သော မိုးသား​အောက်​.....
လေးလံ​သော​ခြေလှမ်းများနဲ့ ​လျှောက်​​နေ​သော လမ်းမထက်​.....
ပါး​ပေါ်ထက်​ ကျ​သော​နေ​သောမျက်​ရည်​များက ပျက်​လပ်​မသွားခဲ့....

*အမှန်​မဟုတ်​ဘူး...ဒါအမှန်​မဟုတ်​ဘူး...*

*ဟက်​...Daddyက​လေ Daddyက လူမဆန်​တဲ့လုပ်​ရက်​ကို...ဟက်​*

*မုန်းလိုက်​တာ...အရာအားလုံးကိုမုန်းလိုက်​တာ....*

*ဘာလို့ငါကျမှ...ဘာလို့ ငါဆိုတဲ့လူကျမှ......*

ထို့​နောက်​ ကျဆင်းလာ​သော မိုး​ရေနဲ့အတူ လမ်းမထက်​ သူ​ခြေ​ထောက်​များ​ခွေကျသွားခဲ့သည်​.....

လမ်းသွားလမ်းလာများက အရူးတ​ယောက်​လိုသူ့ကိုကြည့်​သွားလည်း သူဂရုမစိုက်​နိုင်​ခဲ့.......

အခုချိန်​ သူဘာမှမစဉ်းစားနိုင်​ခဲ့​တော့.......

"ရွာလိုက်​ပါမိုးရယ်​ မိုးနဲ့အတူ သူ့နာကျင်​မှု​တွေပါ ယူသွားလှည့်​ပါ"......

.............

မိုးသည်းထဲ ဘာကိုမှမသိ​တော့သည့်​ အရူးတ​ယောက်​သဖွယ်​ ငို​နေ​သောလူသား........

"အရာအာလုံးသိသွားပီး​နောက်​ပိုင်း ဘယ်​​လိုခံစားရလဲ Park Jimin"

ညီမ​လေးအုတ်​ဂူအ​ရှေ့သို့ ထိုလူသား​သေး​သေး​လေးအား​ခေါ်သွားပီး အဖြစ်​မှန်​တို့ကိုသူ​ပြောပြမိသည်​.....

အခုချိန်​ ဒါ​တွေကို မ​ပြောသင့်​မှန်းသိပါ​သော်​လည်း သူ​ပြောမိခဲ့သည်​......

ထို့​နောက်​ အသိစိတ်​လွတ်​စွာ ​လျှောက်​သွား​နေ​သော လူသားအ​နောက်​ သူလိုက်​ကြည့်​မိသည်​.......

ထိုလူသားကိုစိုးရိမ်​လားဆို​တော့ စိုးရိမ်​ပါသည်​....

သို့​သော်​ထိုလူသားနာကျင်​​စေမဲ့အရာ​တွေကို သူ​ပဲဖန်​တီး​နေခဲ့တာမလား.....

သို့​သော်​ဘယ်​သူသိမှာလဲ ဥယျာဉ်​မှုးတ​ယောက်​က သူအမြတ်​တနိုး ပျိုးထားတဲ့ပန်း​လေးကို သူကိုယ်​တိုင်​နာကျင်​​အောင် ​လုပ်​ခဲ့​ပေမဲ့ တကယ်​တမ်းကျ​တော့ ဥယျာဉ်​မှုးကိုယ်​တိုင်​လည်း နာကျင်​ခဲ့ရတယ်​ဆိုတာ.......

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now