Zawgyi Version,
ဒီနေ့ကစပီး Jung Kookက ကျောင်းလိုက်မပို့တော့သောကြောင့် သူလည်းကျောင်းမသွားချင်တော့ပေ...
အမှန်ဆိုရင် Jung Kookဘက်ကသာ နည်းနည်းလေးပွင့်လင်းပီး သူ့ကိုဖွင့်ပြောကြည့် သူချက်ချင်းJung Kookလက်ကိုတွဲပီး ရှေ့ဆက်မှာ အမှန်ပေ.....
အခုတော့ သူဘက်ကလည်းမပွင့်လင်း Jung Kookဘက်ကလည်း မပွင့်လင်းနဲ့ဆိုတော့ ခက်ရချည်ရဲ့.....
*ဟူး.....ရေတောင်မချိုးချင်တော့ဘူး* လို့ညည်းကာ ကုတင်ပေါ်ကထပီး ရေချိုးခန်းထဲဝင်ခဲ့သည်....
ရေမချိုးရင် Hoseokနဲ့Taeတို့ ၀ိုင်းရယ်မှာစိုးလို့သာ ရေချိုးခဲ့ရသည်.....
....
ရေချိုးပြင်ဆင်ပီး အောက်ဆင်းလာတော့ လှေကားထိပ်မှာ ရပ်စောင့်နေတဲ့ ဦးလေးကြီးတဦး....
သူ့ကိုမြင်တော့ ခေါင်းငုံ့ကာ အရိုအသေပေးသောကြောင့် သူလည်း ပြန်အရိုအသေပေးပီး ထမင်းစားခန်းထဲဝင်လာခဲ့သည်....
ထမင်းစားခန်းထဲရောင်တော့ Daddyနဲ့ အိမ်အကူအဒေါ်ကြီးကိုသာ တွေ့သည်....
*aww Jimin နိုးလာပီလား* ဆိုပီး သူ့ကို လှမ်းမေးသော အဒေါ်ကြီး...
*nae အဒေါ်ကြီး...ဒါနဲ့ Jung Kookဘယ်ရောက်သွားလဲ*
*Jung Kookက အလုပ်သွားပီ* လို့Daddyက ထမင်းစားရင်း ပြန်ဖြေလေသည်...
*အစောကြီးပဲ*
*omm သူကနောက်ဆို အလုပ်တွေများလာတော့မှာ*
*အိမ်အရှေ့က ဦးလေးကြီးက ဘယ်သူလဲDaddy* ဆိုပီး သူ့အရှေ့က ပဲပင်ပေါက်ဟင်းချိုကိုသောက်ရင်း မေးမိလိုက်သည်....
*အဲ့ဒါ ဒီနေ့ကစပီး မင်းကို ကျောင်းကြိုပို့လုပ်ပေးမှာ*
*bor...ကျောင်းကို ကိုယ့်ဘာသာသွားပါ့မယ်ဆို Daddyရာ*
*မိဘက ဒါဆိုရင် ဒါလိုက် အထွန့်မတက်နဲ့...အကုန်မင်းအတွက်လုပ်နေတာ*
YOU ARE READING
ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)
Randomမင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin မင်းထားရာနေစေရာသွားတဲ့Jeon Jung Kookက သေသွားပီ Park Jimin