(ep-13)Z/U

4.4K 572 19
                                    

Zawgyi Version,

ဒီ​နေ့ ပိစိလည်း​ကျောင်းပိတ်​ရက်​ဖြစ်​သဖြင့်​ သူလည်း ညီမ​လေးဆီသွားရန်​ ပြင်​ဆင်​​နေလိမ့်​သည်​...

ထိုချိန်

*​ဒေါက်​...​ဒေါက်​...​ဒေါက်​*

တံခါး​ခေါက်​သံကြား​သော​ကြောင့်​ ကုတင်​​ပေါ်တွင်​ တင်​ထား​သော အနည်းငယ်​ စုတ်​ချာ​နေတဲ့ အ​ပေါစား နာရီ​လေးကို ပတ်​ပီး တံခါးသွားဖွင့်​လိုက်​သည်​...

*အဟမ်း...မင်းဒီ​နေ့အားတယ်​မလား..ငါဒီ​နေ့ ငါ့သူငယ်​ချင်း​တွေနဲ့သွား​တွေ့မလို့ လိုက်​​ပို့​ပေး*

*ဘယ်​အချိန်​သွားမို့လဲ ပိစိ*

*​နောက်​တစ်​နာရီဆိုသွားမယ်​*

*ဟူး...​ကောင်းပီ ကိုယ်​​စောင့်​​နေမယ်​*

*ဘာလို့သက်​ပြင်းချတာလဲ...ဘာလဲ လိုက်​မပို့ချင်​တာလား အဲ့ဒါဆိုလည်းရတယ်​ ငါ့ဘာသာပဲခိုးပီးသွား​တော့မယ်​*

*မဟုတ်​ပါဘူးကွာ ကိုယ်​လည်း ဒီ​နေ့သွားစရာရှိလို့ပါ...ဒါ​ပေမဲ့ မင်းကို လိုက်​ပို့​ပေးပီးမှပဲသွားမှာပါ*

*ပီး​ရော....အသင့်​ပြင်​ပီး​စောင့်​​နေ*

*omm*

ထီု့​နောက်​ အခန်းဝက​နေ လှည့်​ထွက်သွား​သော ပိစိ...

သူလည်း ပြင်​ဆင်​ပီးသွား​တော့ ​အောင်​ထပ်​ဆင်းကာ ပိစိကို​စောင့်​​နေလိုက်​သည်​...

..........

နာရီဝက်​​လောက်​ကြာ​တော့ အ​ပေါ်ထပ်​က​နေဆင်းလာ​သောပိစိ...

အစိမ်းရင့်​​ရောင်​ Hoodie​လေးကို အ​ကောင်းစား ဂျင်းအနက်​ဖြင့်​တွဲဝတ်​ကာ လွယ်​အိတ်​​လေးလွယ်​ပီး သူ့ဆီ​လျှောက်​လာ​လေသည်​...

နဂိုထဲက အသားဖြူတဲ့သူမို့လို့ အစိမ်းရင့်​​ရောင်​Hoodie​လေးက ပိစိအတွက်​ ချုပ်​ထားသလိုပင်​ အလွန်​လိုက်​ဖတ်​လွန်းသည်​....

ဂျင်းဝတ်​ထား​သော​ကြောင့်​ ပိစိရဲ့ ​ခြေတံရှည်​ရှည်​​လေးက ပို​ပေါ်လွင်​​နေသ​ယောင်

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now