နန်းတော်တမျှခမ်းနားတဲ့အိမ်ကြီးရှေ့ကောင်လေးတစ်ယောက်အထုပ်လေးဆွဲပြီးရပ်နေလေသည်...
...ဝါး ဒါငါနေရမယ့်အိမ်ကြီးပေါ့ မိုက်လိုက်တာ ...
ခိုင်ခံ့ကြီးမားတဲ့ခြံတံခါးကြီးရှေ့ကနေ အထဲကအိမ်ကြီးဆီကို ချောင်းကြည့်ရင်း ပျော်မြူးနေတဲ့ ၁၅ နှစ်အရွယ်ကလေးလေး Kim Taehyung...
"ဟဲ့ကလေး ဘာရပ်နေတာလည်း လာအထဲဝင် "
ပါးစပ်အဟောင်းသားလေးနဲ့အံ့သြတကြီးငေးနေတဲ့ Taehyung လေးမှာ ခြံတခါးပွင့်ပြီးအထဲက အိမ်တော်ထိန်းအဒေါ်ကြီးခေါ်သံကြားမှအသိဝင်တော့သည်..
"ဟုတ်.. ဟုတ်ကဲ့ "
အရှေ့ကအဒေါ်ကြီးအနောက်ကနေ အထုပ်လေးဆွဲပြီး ခပ်ကုတ်ကုတ်လေးလိုက်သွားရင်း လှပတဲ့ခြံကြီးထဲငေးနေပြန်တယ်..
...ဒီအိမ်ကြီးမှာနေရတာ ကံကောင်းလိုက်တာ ပိုက်ဆံချမ်းသာတဲ့သူဌေးတွေများ ပိုက်ဆံတွေထားစရာတောင်ရှိကြရဲ့လားပဲ...
Taehyung တစ်ယောက်စဉ်းစားရင်း အိမ်ကြီးထဲဝင်လိုက်တော့ များလှတဲ့အခြွေအရံတွေ သူ့လိုအရွယ်မပါပေမယ့် အကုန်လုံးက ကောင်မလေးတွေချည်းပဲ..
"ဒီမှာခနထိုင်ဦးနော် သူဌေးကြီးတို့ခနနေလာလိမ့်မယ် ကြားလားကောင်လေး "
"ဟုတ်ကဲ့ပါဗျ "
အဒေါ်ကြီးထွက်သွားတော့ Tae မျက်လုံးလေးတွေဝေ့ကြည့်မိသည်..ထိုင်နေတဲ့ထိုင်ခုံကစ ဖိတ်ဖိတ်တောက်နေသည်...မျက်နှာကျက်အမြင့်ကြီးမှာဆွဲထားတဲ့မီးဆိုင်းကြီးမှာလည်း အလွန်လှပနေရာ ဒီအိမ်ကိုလာတဲ့လမ်းတစ်လျှောက် မလိုက်ချင်လို့ ငိုခဲ့တဲ့မျက်ရည်လေးတွေတောင်မဆီမဆိုင်နှမြောမိသေး..
...အာ ရေဆာလိုက်တာ ...
Tae ထိုင်နေတာ အလုပ်သမားကောင်မလေးတွေတွေ့ကြပေမယ့် ရေတစ်ခွက်တောင်လာမတိုက်ကြ.. နှာခေါင်းလေးရှုံ့လိုက်ရင်း..
"မြို့ကလူချမ်းသာတွေ လူမှုရေးခေါင်းပါးတာ တကယ်ပဲကိုး "
ထိုစဉ် Tae ရှိရာဧည့်ခန်းထဲဝင်လာသော ခန့်ညားတဲ့အမျိုးသားကြီးတစ်ဦးနဲ့ အနောက်ကပါလာတဲ့ ကျက်သရေရှိအမျိုးသမီးတစ်ဦး

ESTÁS LEYENDO
💜 Lovely Tae 💜 (Completed)
FanficTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...