END ( Part 1️⃣ )

1.2K 51 5
                                    

Unicode
လှပ‌သော. .အမုန်း  (ဇာတ်သိမ်းပိုင်း )

😏 😏 😏 😏 😏

MEW တို့ ကမ်းခြေမှာ သုံးလေးရက်လောက်
လည်ပတ် အပန်းဖြေခဲ့ကြပြီး အိမ်ကိုပြန်ရောက်
ခဲ့ကြတာ  ဆယ်ရက်‌ လောက် ရှိနေခဲ့ရပြီ . .

သူကတော့ အလုပ်ခွင်ထဲ ပြန်ရောက်ပြီး ကုမ္ပဏီ
ကိစ္စတွေနဲ့ ထုံးစံအတိုင်း ပြန်ပြီးလည်ပတ်ပေါ့ . 

Gulfကတော့ ကျောင်းပိတ်ထားတုန်းဆိုတော့
အိမ်မှာပဲ ရှိနေပြီး သူတက်ချင်တဲ့ သင်တန်းတွေ
တက်လိုက် Tar တို့နဲ့ သွားလာ လည်ပတ်လိုက်
ဂိမ်းတွေဆော့လိုက် . 

တစ်ခါတစ်လေ သူနဲ့အတူတူ ရုံးကို လိုက်ပြီး
ရှုပ်လိုက်နဲ့ပေါ့ . .

Gulf ရုံးကို လိုက်လာတဲ့ နေတွေမှာဆို MEW
ခေါင်းကိုက်ရတဲ့ နေ့တွေပါပဲ . .
ရုံးမှာ ရှိတဲ့ Gulf နဲ့ ရွယ်တူ  မိန်းကလေးဝန်ထမ်းတွေ  Gulf အနားမှာ ရစ်သီ ရစ်သီ လုပ်လွန်းလို့
ဟို မိန်းက‌‌လေး‌ တွေကတော့ သူဌေးရဲ့ညီဆိုပြီး
ညိုမြ လာ လုပ်ကြတာ . .

Gulf ကတော့ သူ့ကို လာပိုးလို့ပိုးနေမှန်းမသိ
မျက်နှာလုပ်ပြီး လာပေးသမျှ မုန့် မှန်သမျှကို
သူ့ရုံးခန်းမှာ ထိုင်စားလို့ ကောင်းနေတော့တယ်

MEW မှာသာ  ဖွင့်ပြောလို့ကလည်း အခက်
မပြောပဲနေပြန်တော့လည်း မျောက်မီးခဲ
ကိုင်မိသလို  ထိုင်မရ ထမရ တွေကိုဖြစ်လို့ . .

No ကတော့ သူဖြစ်‌နေတဲ့ ပုံစံ ကိုကြည့်ပြီး
ဟားလို့မဆုံး တပြုံး ပြုံး ဖြစ်နေတော့တယ် . .

ပင်လယ်က ပြန်လာကတည်းက MEW ညတိုင်း
အချိန်တိုင်းလိုလို တစ်စုံတစ်ရာကို လေးလေး
နက်နက် စဉ်းစားနေမိတယ် . . .
နောက်ဆုံး ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်နဲ့
MEW ဆုံးဖြတ်လိုက်တော့တယ် . .

" ဒေါက် .. ဒေါက် "

"မာမီ  ကျွန်တော် ပြောစရာရှိလို့  "

ညနေဘက် ကုမ္ပဏီက ပြန်ရောက်ပြီးတာနဲ့
ရေမိုးချိုးပြီးသူ့အမေအခန်းထဲကို စကားပြောဖို့  MEW ဝင်လာခဲ့လိုက်တယ် . .

" အင်း .. MEW.ဝင်ခဲ့လေ "

"ကျွန်တော် Nong ကို လက်ထပ်တော့မယ် မာမီ"

လှပသောအမုန်း Tempat cerita menjadi hidup. Temukan sekarang