Unicode
လှပသော. .အမုန်း ( အပိုင်း ၁၆ )
😏 😏 😏 😏 😏
ပင်လယ်ကမ်းဘက်က မျက်နှာမူထားတဲ့
ဘန်ဂလို လေး တွေ အစီအရီနဲ့ ချစ်စရာ
ကောင်းလှတော့တယ် . .
လုံးချင်း ဘန်ဂလိုတွေရဲ့ အရှေ့ဘက်ဘေးမှာတော့
Mini ရေကူးကန်အဝိုင်းလေးတွေကလည်းပါသေး" ဟေးးးး "😄😀
MEW နဲ့ No ခရီးဆောင် အိတ်တွေ နေရာချတုန်း
ကမ်းခြေကို Gulf တို့ သူငယ်ချင်းတစ်သိုက်
ပြေးထွက်သွားတာကို ဘန်ဂလိုကနေ ရပ်ကြည့်ပြီး MEW ပြုံးလိုက်မိတယ် . ."ငါတို့တော့အပန်းဖြေလာတာလား
ကလေးထိန်းဖို့လာတာလား ဟင် Mew . "သူပြောလိုက်ပေမယ့် ဘာမှ ပြန်မပြောတာမို့ MEW ကိုလှည့်ကြည့်လိုက်တော့ Gulf တို့ကို လိုက်ကြည့် ကာ ဘာတွေ သဘောကျနေမှန်းမသိဖြစ်နေတာကို No တွေ့လိုက်ရတော့တယ် . .
"MEW .. "
"အမ် ဘာတုန်းဟ "
သူ့နားနားကပ်ပြီး အော်လိုက်တဲ့ No အသံကြောင့် MEW လန့်ပြီး ပြန်အော်မေးလိုက်တော့တယ် . .
"ငါလည်း ပါသေးတယ်လို့ သတိလေးဘာလေး ကပ်ပါ အုန်းလို့ . . ပြောတာ . ."
MEWကို ကြည့်ပြီး No ရွဲ့ပြီးဖြေလိုက်တော့တယ်
No အပြောကြောင့် Mew ရယ်လိုက်မိတယ်
သူ့ကလည်း No ပြောလည်း ပြောချင်စရာ
ဖြစ်တော့တယ် ..Gulf တို့စာမေးပွဲ ပြီးသွားကြတော့ သူတို့ ပင်လယ်ဘက်ကို No တို့ညီအစ်ကိုနဲ့ အတူ Gulfနဲ့ Tarရဲ့ သူငယ်ချင်းဖြစ်တဲ့ Champ ကိုပါ ခေါ်ပြီး
အပန်းဖြေသဘော ခရီးထွက်ခဲ့ကြတော့တယ် . .တစ်ခြားသူရဲ့ အမြင်ကိုတော့ MEW မသိ. .
Mew မျက်လုံးထဲမှာတော့ ရှပ်အကျီလွင့်လွင့် နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ Gulfကို ကြည့်ပြီး ချစ်လို့မဆုံး ကြည့်မဝ ဖြစ်နေရတော့တယ် . .[ကိုယ်က ချစ်နေတော့လည်း သူဘယ်လိုနေနေ
အကုန်လုံးက ချစ်စရာလိုပဲ မြင်နေတော့တာပေါ့]ဒါကို အမြင်ကတ်သလို ပြောနေတဲ့ No ကိုကြည့်ပြီး Mew သဘောကျနေရတော့တယ် .
STAI LEGGENDO
လှပသောအမုန်း
Fanfiction(Unicode) 🦋🌿 Khun Phi ကျနော့အပေါ်ထားတဲ့ အမုန်းကတကယ်တော့ "လှပတဲ့အမုန်း "ဆိုတာ Khun phiကိုယ်တိုင်မသိခဲ့လို့ပါ........ မုန်းတယ်လို့ Khun phi ကျနော့ ကို ပြောနေပေမဲ့ တကယ်တမ်းကျတော် ဒုက္ခ ရောက်တော့ P' မမုန်းနိုင်ခဲ့တော့ဘူးမလား..... (Zawgyi)🦋🌿 ...