part 3️⃣

1K 63 2
                                    

လှပ‌သော. .အမုန်း ( အပိုင်း ၃ )
(Unicode)

😏 😏 😏 😏 😏

" Gulf . လာတော့ လက်ဆေး တော်ပြီ"

P'MEW ပြန်လာပြီ ဆိုကာ ကိုစီ ပြောလိုက်ကတည်းက Gulf ရင်တုန်ပြီး ခြေဖျားလက်ဖျားတွေ အေးတက်လာရတယ် . .
ကြီးမေ လှမ်းခေါ်တော့မှပဲ Gulf ရင်တုန်နေတာ
ငြိမ်သွားတော့တယ် . .
အိမ်ဘက်ကို ကျောပေးထားလို့သာ Gulf
ထိုင်နေတဲ့ နေရာကနေ တုတ်တုတ်မှ မလှုပ်ရဲ

"ကြီးမေ ခေါ်နေပြီ ကျနော် သွားတော့မယ် နော် "

ကိုစီကို ပြောလိုက်ကာ လုပ်လက်စ‌တွေချထား
ခဲ့ပြီ Gulf အိမ်ကြီး ဘက်ကို လှမ်းလျှောက်လာ
ခဲ့တယ် . .

"သားအကိုလည်း ပြန်လာပြီ ရေသွားချိုးတော့ . .
ထမင်းဆာရင် လည်း စားနော် Gulf "

" ဟုတ်ကဲ့ထမင်းကတော့ ကြီးမေနဲ့ khung Phi တို့ စားပြီးမှ စားတော့မယ် . ."

" အေး .. အေး သွား.. သွား "

လူကြီတွေထက် အရင်မစားချင်တာနဲ့ နောက်မှ
စားဖို့ ကြီးမေကို ပြောလိုက်ရင်း Gulf အိမ်ထဲကို
ဝင်လာခဲ့တော့တယ် . .
MEW ပြန်လာပြီ ဆိုတော့ Gulf အခန်းထဲမှာပဲ
နေဖို့ စဉ်းစား လိုက်တော့တယ် . . .

ထမင်းစားခန်းထဲကို MEW ဝင်လာတာတွေ့တာနဲ့
ဒေါ်ခမ်းနဲ့ အေမ် အရှို ရှို နဲ့ အခန်းထဲက ထွက်လာ‌ ခဲ့တော့တယ် . .

ဒီအိမ်မှာ ဒေါ်ကေသီက သဘောကောင်း ပေမယ့် MEW ကတော့ ရုပ်တည်ကြီးနဲ့ နေတတ်သူမို့
အိမ်က အလုပ်သမားတွေ အားလုံး သူ့ကို ဆို
ရှိန်ပြီး ကြောက်ကြတယ် . .

အိမ်က အလုပ်သမားတွေကို လိုအပ်သလောက်ပဲ
ပြောဆို လုပ်တတ်ပြီး MEW ဟာ တော်တော်ကို
အသန့်အပြန့် ကြိုက် တဲ့ သူတစ်ယောက် ‌ . .
တစ်အိမ်လုံး သန့်ရှင်းနေမှ ကြိုက်သူ . .

အိမ်ပေါ်ထပ်ဆိုလည်း MEW အလုပ်သွားချိန်
သူတို့ တက်ပြီး သန့်ရှင်းရေးလုပ်ကြရတယ် . .

သူမကြိုက်တာဆို ဘယ်သူ့ကိုမှ အားမနာတတ် ဘွင်းဘွင်း ရှင်းရှင်း ပြောတတ်တာကြောင့်
MEWအိမ်မှာ နားတဲ့ရက်ဆို ဒေါ်‌ခမ်းတို့ အေမ် တို့
နောက်ဖေး မီးဖိုချောင်းကနေ အိမ်ရှေ့မထွက်
ကြတော့ဘူး .

လှပသောအမုန်း Where stories live. Discover now