part6️⃣

1.1K 66 2
                                    

လှပ‌သော. .အမုန်း  ( အပိုင်း ၆ )

(Unicode)

😏 😏 😏 😏 😏

" ကလေးတွေ အဆင်ပြေကြလား ဒေါ်ခမ်း
MEW ဘာပြောသေးလဲ "

တရားစခန်းဝင်တာကနေ အိမ်ပြန်ရောက်နေတဲ့
ဒေါ်ကေသီ Mewတို့ အခြေအနေ သိချင်တာနဲ့
ဒေါ်ခမ်းကို မေးကြည့်လိုက်တယ် . .

သူပြန်ရောက်တော့  MEWက အလုပ်သွား
Gulf က ကျောင်းသွားချိန်ဆိုတော့ ဒေါ်ကေသီ
မေးရတာပိုပြီး  လွတ်လပ်သွားတာ‌ ပေါ့  . . .

"ဘာမှမရှိပါဘူး သူတို့နှစ်ယောက်
အဆင်ပြေကြပါတယ် မကေသီ  တနေ့ကတောင်
သူတို့ အပြင်သွားကြသေးတယ် . ."

" MEW ကလေ Gulf နဲ့ ဟုတ်လား "

"ဟုတ်တယ် သူတို့နှစ်ယောက်ထဲ "

သူ့သားMEWက Gulf နဲ့ အပြင်သွားတာဆိုတာကြောင့် အံ့ဩပြီး ‌ဒေါ်ကေသီ ထပ်မေးလိုက်ရတယ်

"အဲဒီစကား ကြားရတာ ‌ကျွန်မအတွက်
စိတ်ချမ်းသာဆုံးပဲ ဒေါ်ခမ်းရေ  . ."

ဒေါ်ကေသီ ဝမ်းသာတဲ့ အသံနဲ့ ဒေါ်ခမ်းကို
အားရပါးရ ပြောမိလိုက်တော့တယ် . .

သူ့မှာ တရားသာအားထုတ်နေရတယ် တခါတခါ
စိတ်က အိမ်ကိုရောက်တဲ့အချိန်ဆို တွေးပြီး
ပူနေရသေးတာ ..
ခုတော့ နောက်ဆို သူ ဘုရား တရားအလုပ်ကို
စိတ်အေးလက်အေး လုပ်နိုင်သွားရပြီပေါ့ . 

သူအိမ်မှာမရှိတဲ့အချိန် MEW စိတ်တွေ
ဘယ်လိုများ ပြောင်းလဲသွားရပါလိမ့် Gulfနဲ့
အတူတူနေ  စကားသိပ်မပြောပေမယ့် မြင်ပါ
များလာလို့ Gulf အပေါ် စိတ်များ‌ပြေနေပြီလား . 

သိုလော  သိုလော အတွေးတွေ ဒေါ်ကေသီ
တွေးမိသွားရတယ် . .

MEW ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်ပါစေလို့
ဒေါ်ကေသီ ဆုတောင်း နေ မိတယ် . . . 

"ကြီးမေ ပြန်ရောက်နေပြီလား "

ညနေကျောင်းဆင်းအိမ်ပြန်ရောက်တော့ ခြံထဲမှာ
ထိုင်နေတဲ့ ဒေါ်ကေသီကို မြင်လိုက်ရတော့
Gulf အားရဝမ်းသာ ပြေး ဖက်လိုက်တယ် . .

"ကြီးမေ နေကောင်းတယ်နော် . ."

"ကောင်းပါတယ်  Gulf ရဲ့ သားရော MEW နဲ့
တည့်ရဲ့လား သားအကို အော်တာ ငေါက်တာ
လုပ်သေးလား . ."

လှပသောအမုန်း Where stories live. Discover now