Part 5️⃣

1.1K 60 2
                                    

လှပ‌သော. .အမုန်း ( အပိုင်း ၅ )

😏 😏 😏 😏 😏

Khung Phi နောက်ကျတယ်နေတယ်နော် ကြီးခမ်း

နံရံက နာရီကို လှမ်းကြည့်ပြီး Gulf ကြီးခမ်းကို
ပြောလိုက်မိတယ် . .

အရင်နေ့တွေ သူ ကျောင်းက ပြန်လာပြီဆို P'MEW ကားက ခြံထဲမှာ ရောက်နှင့်နေပြီ . .

သူ့ကို စကားသိပ်မပြောပေမယ့် P'Mew ရှိနေရင်
ဘာကြောင့်မှန်းမသိ Gulf စိတ်ထဲ ပျော်နေမိတယ်

ကြီးမေ အိမ်မှာမရှိတဲ့အချိန်မို့လားတော့မသိ
သူ့ကို P'Mew မသိမသာနဲ့ စောင့်ရှောက်ပေးတယ်လို့ Gulf ထင်နေမိတယ် . .
သူ့အပေါ်လည်း P'Mew စိတ်နဲနဲ့လျော့လာတယ်
အရင်ကလောက် သူ့ကိုမြင်ရင် တင်မာနေတာမျိုး
မတွေရသလောက် နည်းသွားတယ်လို့ Gulf
သတိထားမိနေတယ် . .

"အင်း ဟုတ်ပါ့ ဒီနေ့ Mew တော်တော်
နောက်ကျနေတာပဲ . . "

နာရီကြည့်လိုက် ခြံထဲကို မျှော်လိုက် လုပ်နေတဲ့
Gulf ကို ကြည့်ပြီး ဒေါ်ခမ်းပြောလိုက်မိတယ် . .

"ဒေါ်ကြီးခမ်းတို့ အေမ်တို့ နားရင် နားကြလေ
ကျွန်တော် စာကြည့်ရင်း စောင့်လိုက်မယ် "

လူကြီးဖြစ်တဲ့ ‌ကြီးခမ်းကို ကြည့်ပြီး Gulf
နားဖို့ ပြောလိုက်တယ် . .
သူတို့လည်း တစ်နေကုန် အိမ်အလုပ်တွေ
လုပ်ထားကြရတော့ နားချင်နေပီပေါ့ . .

"Gulf တစ်ယောက်ထဲ နေရဲလား သား "

"နေရဲပါတယ် ကြီးခမ်းရဲ့ "

ကြီးခမ်းစကားကြောင့် Gulf ပြုံးရင်
ပြောလိုက်တယ် . .

"အဲဒါဆို ကြီးခမ်းတို့နားတော့မယ်..
တခုခုဆိုလှမ်းခေါ်လိုက် နော် Gulf . ."

"ဟုတ်ကဲ့ . ."

Gulf ကို မှာခဲ့ပြီး ဒေါ်ခမ်းနဲ့အေမ်တို့ အိမ်ကြီးရဲ့
အနောက်ဖက်မှာ သူ့တို့အလုပ်သမားတွေအတွက်
သီသန့်ဆောက်ပေးထားတဲ့ တိုက်တန်လျားစီကို
ပြန်လာခဲ့ကြတယ် . .

တော်တော်လေးကြာသွားတော့ ကိုစီနဲ့ ဦးနော်ပါ
သူ့တို့အခန်းကို ပြန်နားကြတော့တယ် . .

အိမ်ကြီးတစ်အိမ်လုံးမှာ Gulf တစ်ယောက်ထဲ
ဧည့်ခန်းမှာ စာကျက်ရင်း MEW ကို စောင့်
နေမိတော့တယ် . .

လှပသောအမုန်း Where stories live. Discover now