လှပသော. .အမုန်း ( အပိုင်း ၇ )
😏 😏 😏 😏 😏
" ဟာကွာ ဒီ ဖိုင်က ဘယ်ရောက်သွားရပြန်တာလဲ
" MEW ဘာပျောက်လို့လဲ " ..
တစ်ယောက်ထဲ စိတ်တွေတိုနေတဲ့ MEW ကို
စာပွဲနားသွားပြီး Noမေးလိုက်တယ် . ." ဖိုင် အပြာတခု ဘယ်ရောက်နေမှန်းမသိလို့ "
"ဒီမှာလေ မင်း ရှေ့မှာပဲ ကို . . "
MEW ရှာနေတဲ့ ဖိုင်အပြာလေးကို No ယူပြီး
လှမ်းမေးလိုက်တယ် . ."ဘာတွေ ဖြစ်နေလဲ MEW .. မင်းဒီရက်ပိုင်း
ဘာကို စိတ်တိုင်းမကျ ဖြစ်နေတာလည်း
Staff တွေ တောင် သတိထားပြီး ငါ့ကို မေးနေ
ကြတယ် . .
စိတ်ထဲမှာ အဆင်မပြေတာရှိရင်ပြောပြလေ
ငါ နားထောင်ဖို့ အဆင့်သင့်ပဲ သူငယ်ချင်း . ."" ဘာမဖြစ်ပါဘူး ငါ အခွန်ကိစ္စ နဲ့ အပြင်သွား
လိုက်အုန်းမယ် No .. တကယ်လို့ နောက်ကျရင်
ငါ အိမ်ပဲ တန်းပြန်လိုက်တော့ မယ် . ."OK . .. OK ..
သူ့ကို ဘာမှမပြော ခေါင်းသာခါရမ်းပြလိုက်ပြီး
အပြသ်ထွက်သွားတဲ့ MEW ကို No အကဲခပ်သလို လိုက်ပြီး ကြည့်မိလိုက်တယ် . .အရင်ကလည်း ဒီလို မျက်နှာတည်တည်နဲ့
နေတတ်ပေမယ့် အခု ရက်ပိုင်းမှာ ပိုဆိုးလာတယ်
လို့ No လည်း သတိထားမိနေတော့တယ် . .တစ်ယောက်တယောက်ကို စိတ်တိုနေသလို . . .
အရာ ရာ ကိုပဲ စိတ်တိုင်းမကျသလို . .
MEW ပုံစံက စိတ်နဲ့ကိုယ် မကပ်ဖြစ်နေတော့တယ်အလုပ်နဲ့ပတ်သက်ရင် MEW ဟာ တိကျ
သေချာသလို စေ့စေ့စပ်စပ်လည်း လုပ်တတ်သူ့မို့ အလုပ်ကြောင့်တော့ မဟုတ်ဘူးဆိုတာ No
ခန့်မှန်းမိလိုက်တယ် . .
ဒါဆို ဘယ်ကြောင့်လည်း အိမ်မှာ သူ့နဲ့ စိတ်အခန့်မသင့်စရာဆိုလို ဘယ်သူရှိလည်း
သူ့ အမေနဲ့လည်း မဖြစ်နိုင် . .ဒါဆို တစ်ယောက်ပဲရှိတယ် Gulf နဲ့များလား
ဟုတ်လောက်တယ် သူ့ညီ Tar ပြောပြထားလို့
Gulf နဲ့ အခန်းတူတူဆိုတာ No သိထားတယ်ဟိုတနေ့ကပဲ Gulf အမှတ်နည်းလို့ သူ့အကိုဆူတဲ့အကြောင်း Tar ကို ပြန်ပြောပြတယ်ဆိုတာ
သူ့ညီ ပြန်ပြောပြ လို့ No သိလိုက်တယ် . .
ESTÁS LEYENDO
လှပသောအမုန်း
Fanfic(Unicode) 🦋🌿 Khun Phi ကျနော့အပေါ်ထားတဲ့ အမုန်းကတကယ်တော့ "လှပတဲ့အမုန်း "ဆိုတာ Khun phiကိုယ်တိုင်မသိခဲ့လို့ပါ........ မုန်းတယ်လို့ Khun phi ကျနော့ ကို ပြောနေပေမဲ့ တကယ်တမ်းကျတော် ဒုက္ခ ရောက်တော့ P' မမုန်းနိုင်ခဲ့တော့ဘူးမလား..... (Zawgyi)🦋🌿 ...