END ( Part 2️⃣ )Final

1.8K 60 8
                                    

လှပသော . . . အမုန်း ( ဇာတ်သိမ်း Part 2 )

😏 😏 😏 😏 😏

" ချီးယာစ် . . "

No နဲ့ ကုမ္ပဏီက မန်နေဂျာတွေဖြစ်တဲ့
ကိုထွန်း ကိုဝေ နဲ့ MEWရဲ့ အတွင်းရေးမှုး
ကိုလင်းတို့အားလုံး လက်ထဲမှာ ကိုင်ထားကြတဲ့ ဝိုင်ခွက်ကို မြှောက်ပြီး MEW နဲ့ Gulf ကို ဂုဏ်ပြုလိုက်ကြတယ် . .

မနက်ပိုင်းမှာ MEW နဲ့ Gulfတို့ တရားရုံးမှာ လက်မှတ်ထိုး မဂ်လာပြုခဲ့ကြတယ် . .
အဲဒါပြီးတော့ ဒေါ်ကေသီတို့ MEW တို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာပဲ လက်ထပ်တဲ့အထိမ်းအမှတ် ကုသိုလ်
လုပ်ခဲ့ကြတယ် . .

ညနေပိုင်းမှာတော့ MEW ဘက်က သူငယ်ချင်းဖြစ်သူ No နဲ့ Gulf သူငယ်ချင်းတွေဖြစ်တဲ့ Tar နဲ့ Champ တို့အပါအဝင် ကုမ္ပဏီမှာ MEW
အားထားရတဲ့ လက်ရုံးမန်နေဂျာတွေလောက်ပဲဖိတ်ပြီး စားသောက်ဆိုင်ကြီးတစ်ခုမှာ MEW တို့ ကျွေးမွေး ဧည့်ခံ ခဲ့ လိုက်ကြတယ်

"MEW ငါ့သူငယ်ချင်း Gulf က ငယ်သေးတယ်နော် မင်း အနိုင်သိပ်မကျင့်နဲ့ သိလား . ."

ဝိုင် သုံးလေးခွက် သောက်ထားတဲ့ No . .
အာသွက်လျှာသွက်ဖြစ်လာကာ Mew
အနားကပ်ပြီး ပြောချင်တာတွေ ပြောနေ
တော့တယ် . .

No သူ့နား နားကပ်ပြီး ပြောလိုက်တဲ့ စကားကြောင့် Mew ပြုံးမိသွားရတယ် . .

"အေးပါကွာ No မင်းလည်း လက်တွဲဖော်လေးရှာတော့လေ . ."

"ကောင်မလေးတွေက ငါ့ကိုမကြိုက်တာ
ဆိုးပါ့ကွာ . . "

" ဟား.. ဟား ဟား "

သူ့ဘာသာပြောပြီး No သူ့ဘာသာ ရယ်လိုက်တော့တယ် . .

"သူဌေး အချိန်လည်းမစောတော့ဘူး ကျွန်တော်တို့ ပြန်ပါအုန်းမယ် . ."

"ဪ ဟုတ်ကဲ့ ကိုထွန်းတို့ ပြန်ပါ ပြန်ပါ . .
အားလုံးကိုလည်း ကျွန်တော်နဲ့ Nong က ခုလို လာပြီး ဂုဏ်ပြုပေးကြတာကို ကျေးဇူး
တင်ပါတယ်နော် . ."

"Nong ဒီမှာ ကိုထွန်းတို့ ပြန်တော့မယ်တဲ့ "

တစ်ဘက်မှာ သူ့သူငယ်ချင်းတွေနဲ့ ခေါင်းချင်းပူပြီး ဘာတွေ ပြောနေမှန်းမသိတဲ့ Gulf ကို MEW လှမ်းပြောလိုက်တယ် . .

လှပသောအမုန်း Where stories live. Discover now