part8️⃣

1.1K 56 9
                                    

လှပ‌သော. .အမုန်း  ( အပိုင်း ‌၈ )

😏 😏 😏 😏 😏

" Khung Phi . . "

" P'Mew . ."

ဆေထိုးဆေးသောက် လုပ်လိုက်တော့ မနက်ခင်း
အိပ်ယာနိုးလာတဲ့အခါမှာ Gulf တော်တော်လေး
လန်းဆန်းလာရတယ် . .
အိပ်ယာကနေ နိုးလာတဲ့ Gulf သူ့ဘေးကုတင်ပေါ်ကို ခေါင်းတင်ပြီး အိပ်နေတဲ့ MEW ကို ပုခုံးလေးလှုပ်ပြီး Gulf  နှိုးလိုက်တယ် . .

" အင်းး Gulf .. ဘာလဲ ဘာလုပ်ချင်လို့လဲ"

အိမ်မှုံစုံမွှားနဲ့ ထ လာ ကာ သူ့ကို မေးလိုက်တဲ့
P'Mew ကို ကြည့်ပြီး Gulf.ရယ်ချင်သွားရတယ်

" ဘာမလုပ်ချင်ပါဘူး မိုးလင်းနေပြီ . .
P'Mew  တစ်ညလုံး ဒီလိုအိပ်နေတာ ဇက်တွေ
နာနေတော့မယ်  . . "

Gulf စကားကြောင့် MEW သူ့ကိုယ်သူ ပြုံးလိုက်
မိတယ် . .လူနာစောင့်တဲ့သူ့ကို လူနာက ပြန်နှိုးပြီး
စိုးရိမ်နေရတယ်  သူ့အဖြစ်ကတော့ . .

"မနာပါဘူး မင်း သက်သာလား Gulf
ခေါင်းရော ဘယ်လိုနေသေးလဲ ကိုက်သေးလား "

"သက်သာပါတယ် P'Mew
ခေါင်းလည်း မကိုက်တော့ပါဘူး "

"ဒီနေ့ ဂိုက်ဆရာ လာမှာမလား ဖုန်းဆက်ပြီး
အကျိုးအကြောင်းပြောရအောင် ဖုန်းနံပါတ်ရှိရင်
P' ကို ပေး . . ကိုယ်ဖုန်းဆက်လိုက်မယ် . . "

"ဟို စာကြည်စာပွဲပေါ်က စာအုပ်အနီရောင်‌
အသေးလေးထဲမှာ P'Lhong ဆိုပြီး မှတ်ထားတယ် "

"Gulf ကိုယ် မင်းကို ပြောစရာရှိတယ် . .
တောင်းပန်စရာလည်း ရှိတယ် . .."

"ဘာလဲဟင် P' . ."

တစ်ခါမှာ ဒီလိုစကား‌မျိုးမပြောဘူးတော့
Gulf ရင်တုန်သွားရတယ် . .

Gulf မျက်နှာကို MEW သေချာကြည့်လိုက်ပြီး
ညက  Gulf အပေါ်မှာ ဖြစ်လာတဲ့ သူ့စိတ်ထဲကအတွေးဆိုးတွေ ကို  MEW ပွင့်ပွင့်လင်းလင်း
ပြောပြလိုက်တယ် . . ပြီးတော့မှ ...

"ကိုယ် မင်းကို တောင်းပန်ပါတယ်နော် Gulf.  "

P' အဲလိုဖြစ်မိတဲ့ ကိုယ့်ကိုကိုယ်လည် ရှက်မိတယ်

"ကျွန်တော် Khung Phi ကို ဘယ်တုန်းကမှ
စိတ်မဆိုးခဲ့ပါဘူး . .  
အဲဒီတော့ အဲဒါတွေ စိတ်ထဲ ထားမနေနဲ့တော့ နော်

လှပသောအမုန်း Where stories live. Discover now