လှပသော. .အမုန်း ( အပိုင်း ၉ )
(Unicode)
😏 😏 😏 😏 😏
ညနေ ထမင်းဝိုင်းမှာ ရေကန်ဘေးကို မသွားရဘူးလို့ပြောလိုက်တာနဲ့ နှုတ်ကနေ ဟုတ်ကဲ့သာ
ပြောပေမယ့် Gulf မျက်နှာလေး တချက်ညိုး
သွားတာ MEW ဖျတ်ခနဲ မြင်လိုက်ကတည်းက
သူ့စိတ်တွေ တမျိုး ဖြစ်နေတော့တယ် . .ဘာကြောင့်မှန်းမသိ Gulf နောက်တခါ အဲလို
ထပ်ဖြစ်ရင်ဆိုတဲ့ အတွေးကြီးက သူ့စိတ်ကို
ဆိုးဆိုးဝါးဝါး ကြောက်လန့်နေစေခဲ့တယ် . .ဖြစ်မှာစိုးလို့ စိုးရိမ်စိတ်နဲ့ တားမြစ်ခဲ့ပေမယ့်
Gulf အလိုမကျသလို မျက်နှာမကောင်းဖြစ်သွား
ပြန်တော့လည်း MEW နေလိုမရ ဖြစ်ရပြန်ရော . .Gulf ကို Mew တခု ခု လုပ်ပေးချင်နေမိတယ် .
ဘာရယ်လို့ ရေရေရာရာ မသိဖြစ်နေပေမယ့်
သူ့ခြေထောက်တွေကတော့ အောက်ထပ် Gulf
အခန်းစီကို ဦးတည်လို့ နေတော့တယ် . . .စာကြည့်ရတာ ခေါင်းနဲနဲပူလာတာနဲ့ Gulf
အခန်းထဲမှာ ဟိုဘက် ဒီဘက် လမ်းလျှောက်
နေမိတယ် . .ရေနစ်သလို ဖြစ်ပြီးကတည်းက ည ညဆို
ရေကန်ဘေး ထိုင်တတ်တဲ့ သူ့ကို တစ်ယောက်ထဲ
ရေကန်နား မသွားရဘူးလို့ Khung Phi ပြောထား
ပြီးကတည်းက Gulf အခန်းထဲမှာပဲ စာကြည့်
နေခဲ့ရတော့တယ် . .ခြံထဲက ရေကူးကန်ကို ကိုယ့်အခန်းရဲ့ ပြတင်း
ကနေ လှမ်းပြီး ငေးကြည့်နေရင်း MEW စကားကို Gulf ပြန်တွေးနေမိတယ် . .ဒေါက် ဒေါက် Gulf . အိပ်နေပီလား
ဗျာ P'Mew ကျနော် မအိပ်သေးဘူး
အခန်းတံခါးဖွင့်ပေးလိုက်ရင် MEW ကို Gulf
ပြောလိုက်တယ် . .Gulf အခန်းထဲကို MEW ဝင်ပြီး စာပွဲဘေးက
ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ် . .
အရင်က Gulf အခန်းကို သူ လာခဲပေမယ့်
ခုနောက်ပိုင်းကိုတော့ Gulf ကို MEW လာ လာပြီး
ကြည့်ဖြစ်နေခဲ့တယ် . .
Gulf ညဉ့်နက်ထိ စာကြည့်နေလား . .
ရေကန်နားကိုပဲ ရောက်နေလား သူ ဂရုစိုက်
နေမိတယ် . .
Gulf ဟာ တော်တော်တော့ သပ်သပ်ရပ်ရပ်နဲ့
စည်းကမ်းစနစ်တကျ နေတတ်သူလေး . .
သူ့အခန်းကို Mew လာတိုင်း ဘယ်တော့မှ ရှုပ်ပွ
နေတာမရှိ . . အဲဒါကို MEW သဘောအကျဆုံး
YOU ARE READING
လှပသောအမုန်း
Fanfiction(Unicode) 🦋🌿 Khun Phi ကျနော့အပေါ်ထားတဲ့ အမုန်းကတကယ်တော့ "လှပတဲ့အမုန်း "ဆိုတာ Khun phiကိုယ်တိုင်မသိခဲ့လို့ပါ........ မုန်းတယ်လို့ Khun phi ကျနော့ ကို ပြောနေပေမဲ့ တကယ်တမ်းကျတော် ဒုက္ခ ရောက်တော့ P' မမုန်းနိုင်ခဲ့တော့ဘူးမလား..... (Zawgyi)🦋🌿 ...