part 2️⃣

1.1K 65 6
                                    

လှပ‌သော. .အမုန်း ( အပိုင်း ၂ )

😏 😏 😏 😏 😏

" သား Gulf ရောက်ပြီ ဒါ သားနေရမယ့်
ကြီးမေတို့ အိမ်ပဲ . ."

"ဟုတ်ကဲ့ ကြီးမေ . . "

ဘုန်းကြီးကို ခွင့်တောင်း ပြောပြီး ခေါ်လာတဲ့
Gulf ရဲ့လက်မောင်းလေးကို ကိုင်ပြီး ဒေါ်ကေသီ ပြောလိုက်တယ် . .

သူ့ကို မာမီလို့ခေါ်စေချင်ပေမယ့် ခေါ်ဖို့ နှုတ်ရဲမှာမဟုတ်တဲ့ Gulf ပုံစံကို ကြည့်ပြီး သူ့ကိုယ်သူ
ကြီးမေ လို့ပဲ ဒေါ်ကေသီ သုံးနှုန်းလိုက်မိတယ် . .

သွက်လက်တကြွပြီး နေရာမယ့်အရွယ်လေးမှာ
Gulf ပုံစံလေးဟာ မျက်လုံးလေးတွေက အစ
အရောင်မှိန် ညှိုးနေသလိုလို အားငယ်နေသလို
ပုံစံလေးမို့ ဒေါ်ကေသီ Gulf ပုံစံကို ကြည့်ပြီး
သူ စိတ်မကောင်းဖြစ်မိရတယ် . . .

ကြီးမားပြီးခမ်းနားလှတဲ့ တိုက်ကြီးက ဟီးထလို့
နေတယ် . .
လှပတဲ့ တိုက်ကြီးနဲ့အတူ ခြံဝန်းကလည်း
အကျယ်ကြီး . . .
တိုက်အိမ်ကြီးရဲ ဘေးမှာတော့ အလျားလိုက်
တန်းလျားပုံစံ ကားရပ်ထားတဲ့ နေရာ . .

အစီအရီနဲ့ ရပ်ထားတဲ့ ကားတွေကလည်း
Gulfမမြင်ဘူးတဲ့ မသိတဲ့ အမျိုးအစားတွေနဲ့
အရောင်တွေ က အမျိုး မျိုး . . .

ကိုယ့်ရဲ့ အဝတ်အစားအိတ်လေးကို ပိုက်ပြီး
ကားပေါ်ကနေဆင်းကာ သူရောက်နေတဲ့ နေရာ
ပတ်ဝန်းကျင်ကို ခေါင်းလေးလည်အောင် Gulf
လိုက်ကြည့်နေမိတယ် . . .
သူ့ပုံပန်းသဏ္ဌန်နဲ့ သူရောက်နေတဲ့ နေရာက ကွာခြားလွန်းနေတာကြောင့် Gulf အိမ်ထဲဝင်ဖို့မဝံ့မရဲ
ဖြစ်နေရတယ် . .

ငါးကန်ဘေးကနေ ဆရာတော် ခေါ်လို့ ဘုန်းကြီး ကျောင်းပေါ် Gulf ရောက်တော့ ဆရာတော်ရဲ့
မိန့်ကြားတဲ့ စကားအတိုင်းပဲ သူ နားထောင်ပြီး ကောင်းတာ ဆိုးတာကတော့ . .
သူ့ရဲ့ကုသိုလ်ကံ အတိုင်းပဲပေါ့ လို့ စိတ်ထဲ
တွေးထားလိုက်ကာ ဒီ ကြီးမေလို့ သူခေါ်နေတဲ့
ဒေါ်ကေသီတို့နဲ့ Gulf လိုက်ပါ ခဲ့တော့တယ် . .

"Gulf . လာလေ အိမ်ထဲဝင်ရအောင် လာ "

သူ့အိတ်လေး သူပိုက်ပြီး မျက်လုံးလေး
ကလယ် ကလယ် နဲ့ လှည့်ပတ်ကြည့်နေတဲ့
Gulf ကို ပုခုံးလေးကို လှမ်းဖက်ပြီး ဒေါ်ကေသီ
ခေါ်လိုက်တယ် . . .

လှပသောအမုန်း Where stories live. Discover now