လှပသော. .အမုန်း ( အပိုင်း ၁၁ )
(Unicode)😏 😏 😏 😏 😏
3 year later . . .
" ကြီးမေ ကျွန်တော် ကျောင်းသွားပြီ"
"အေး အေး ကားဂရုစိုက်မောင်နော် Gulf"
ဟုတ်ကဲ့ Khung Phi ကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးပါ နော် P' ဖုန်းပြောနေလို့ .. ကြီးမေ
" တာ့.. တာ . ."
ကြီးမေကို လက်ပြ နှုတ်ဆက်လိုက်ပြီး Gulf သူ့ရဲ့ ပြိုင်ကားအနီရောင်လေးပေါ်တက်ကာ မောင်းထွက်သွားတော့တယ် . ..
သူ့မျက်လုံးအရှေ့ကနေ ကိုယ်တိုင် ကားမောင်းထွက်သွားတဲ့ Gulf ကို ကြည့်ပြီး လွန်ခဲ့တဲ့ ၃ နှစ် ကျော်ကာလတုန်းက မျက်စိငယ်ငယ်လေးနဲ့
သူ့တို့ အိမ်ကို စပြီး ရောက်လာတဲ့ ကောင်လေးကို ဒေါ်ကေသီ သတိရသွားမိတယ် . . .ခုတော့ ဒီကောင်လေးက အရွယ်ရောက်လို့
အင်ဂျင်နီယာကျောင်းသားကြီး Gulf တောင်
ဖြစ်လို့နေခဲ့ပြီ . ."Nong ကျောင်းသွားပီလား မာမီ "
"ခုပဲ သွားပီ MEW . .
"ကျွန်တော်ကိုတောင် နှုတ်ဆက်မသွားဘူး"
"အောင်မလေးဟဲ့ ကျုပ်ကို ပြောသွားပါတယ်
မင်း ဖုန်းပြောနေလို့တဲ့ . .""ဪ ဟုတ်သားပဲ . ."
"ကျနော်လဲ ကုမ္ပဏီ သွားတော့မယ်နော် မာမီ "
"ကားသာ ဂရုစိုက် မောင်းကြ . ."
"ဟုတ်ကဲ့ မာမီ သွားပြီ . ."
MEW လည်း Gulf အကြောင်းမေးပြီး သူ့မာမီကို
နှုတ်ဆက်ကာ အလုပ်ရှိရာ ထွက်လာခဲ့တော့တယ်"ဒေါ်ခမ်း အေမ် ဒီနေ့ ဘာချက်ဖို့ စီစဉ်ထားလည်းသား တွေ ကြိုက်တာတော့ပါအောင်ချက်ကြနော် . ."
MEW ကားထွက်သွားပြီးနောက်မှာတော့
ဒေါ်ကေသီ မီးဖိုခန်းထဲ ဝင်ခဲ့လေတော့တယ် ."Hello . . Nong . "
"Hello . ဟုတ် P' . "
"ကားဂရုစိုက်မောင်းနော် နေပူထဲတွေ
လျှောက်လည်မနေနဲ့အုန်း . "ခုထိ သူ့ကို အစိုးရိမ်လွန်နေတဲ့ MEW ကို Gulf
ပြုံးမိလိုက်ရင်း ပြန်ပြောလိုက်တယ် .
YOU ARE READING
လှပသောအမုန်း
Fanfiction(Unicode) 🦋🌿 Khun Phi ကျနော့အပေါ်ထားတဲ့ အမုန်းကတကယ်တော့ "လှပတဲ့အမုန်း "ဆိုတာ Khun phiကိုယ်တိုင်မသိခဲ့လို့ပါ........ မုန်းတယ်လို့ Khun phi ကျနော့ ကို ပြောနေပေမဲ့ တကယ်တမ်းကျတော် ဒုက္ခ ရောက်တော့ P' မမုန်းနိုင်ခဲ့တော့ဘူးမလား..... (Zawgyi)🦋🌿 ...