part 11

303 27 1
                                    

ရင်ခုန်စရာကောင်းနေတဲ့ စနေနေ့ညလေး

မနက်ဖြန်အတွက်ဖန်လုံးလေးတခုစီမှာ ပန်းတပွင့်စီနဲ့လှနေတဲ့ဖန်လုံးလေးစုစုပေါင်း 48 လုံး
ဖန်လုံးလေးတွေကိုပီတိဖြစ်စွာကြည့်နေတဲ့ကောင်လေးတယောက်

YL- ကောကော.... ကောကော...
ယန်လီအသံပိုကျယ်ပြီးခေါ်လိုက်မှ လန့်ပြီးပုံမှန်အနေအထားကိုပြန်ရောက်လာသောချန်ယုပါ

CY- လန့်လိုက်တာ အားလီရယ်... ဘာလဲ
YL- ခေါ်နေတာအသက်ထွက်တော့မယ်... ကောကောအဲ့ဖန်လုံးတွေကဘာလုပ်မလို့လဲ... OS လုပ်မလို့လား
ပြောင်စပ်စပ်လေးမေးလိုက်တော့
CY- နင့်အကိုရုပ်ကOS လုပ်မယ့်ရုပ်များပေါ်နေလို့လား... မအိပ်သေးဘူးလား... ဘာတွေလာမေးနေတာလဲ
YL- ကောကော.. ညီမလေးသိပါတယ်.... ဆရာဝန်ကောကောကို ရည်းစားစကားပြောမလို့မလား..
CY- သိပြန်ပြီ... ဘယ်လိုသိတာလဲ
YL- အိမ်လာတဲ့နေ့ထဲကကောကောပုံစံကိုကြည့်ပြီးသိတာ... ကောလား အလကားအားအားယားယား ဒါမျိုးတွေလုပ်မှာ...
CY- သိရင်လဲပြီးရော...
YL- ညီမလေးလဲကူညီမယ်လေ
CY- ဘယ်လိုကူညီမှာလဲ
YL- ကောကဘယ်လိုဖွင့်ပြောမှာလဲ

ချန်ယုတယောက် သူ့အစီအစဉ်တွေကိုအစအဆုံးရှင်းပြလိုက်တော့
YL- ဒါဆို ဒေါက်တာကို ဆေးရုံအပြင်ကိုခေါ်လာမယ့်သူမရှိဘူး...
အဲ့တာညီမလေးကူညီမယ်
CY- အင်း... 😊

*******
ယန်လီကဆေးရုံထဲဝင်သွားပြီး ကောင်တာမှာဒေါက်တာဂုဝေကိုသွားရှာတော့ ဒေါက်တာကျီရန်အခန်းမှာရှိတယ်ဆိုတာနဲ့ ဒေါက်တာကျီရန်အခန်းကိုသူနာပြုဆရာမလေးတယောက်အကူအညီနဲ့ရောက်လာခဲ့တယ်

YL- ဒေါက်တာတို့ မင်္ဂလာပါ
ZiY- ယန်လီ ညီမလေး.. ဘာဖြစ်လို့လဲ
YL- ဒေါက်တာဂုဝေကိုလာရှာတာ... ညီမနဲ့ဆေးရုံအပြင်ကိုခဏလိုက်ခဲ့ပေးပါလား... အရေးတကြီးအကူအညီလိုလို့ပါ...
GW- ဘာဖြစ်လို့လဲညီမလေး
YL- လိုက်ခဲ့ပေးပါ.... အပြင်ရောက်မှကြည့်နော်... အရမ်းအရေးကြီးလို့
ဂုဝေရော ကျီရန်ကော ထလိုက်လာကြတယ်

GW- ဘယ်ကိုလဲ
YL- ဆေးရုံထဲက ပန်းခြံဝန်းကိုပါ
GW- အင်း

နေဝင်ခါနီး အလင်းရောင်မပြယ်သေးချိန် နေဝင်ဆည်းဆာအောက်
ပေကျင်းဆေးရုံဝန်းရဲ့ပန်းခြံမှာ လူနာတွေကလဲထွက်လမ်းလျှောက် ကြတဲ့သူတွေရယ် ထွက်ထိုင်ကြတဲ့သူတွေရယ်နဲ့လူများနေချိန် ယူနီဖောင်းအပြည့်အစုံနဲ့ ယောကျာ်း၂၄ယောက် လက်ထဲမှာ နင်းဆီအနီ ဖန်လုံးလေးတလုံးစီကိုလက်၂ဖက်ကကိုင်ပြီး တန်းစီပြီးလျှောက်လာကြတယ် ပြီးတော့ ဂုဝေတို့ရပ်နေတဲ့ရှေ့မှာအသဲပုံ ပုံဖော်ပြီးရပ်လိုက်တယ် နောက်ဆုံးမှာ ချန်ယုကဂုဝေရှေ့လမ်းလျှောက်သွားပြီး ဒူးတဖက်ထောက်ကာ ဖန်ပန်းလုံးလေးကိုကမ်းပေးလိုက်ပြီး ချန်ယုကပြောလိုက်တယ် "ဂုဝေကော... ကျွန်တော် ကောကိုချစ်တယ်... ကျွန်တော့အချစ်ကိုလက်ခံပေးပါ"

BORN THE LOVE AGAIN (Completed)Where stories live. Discover now