Part 19

327 29 0
                                    

Zawgyi

ဂုဝေတယောက် ဆေးမှတ်တမ်းမိတ္တူကိုကိုင်ကာအတန်ငယ်ကြာအောင်ဆွံအနေမိတယ် စီနီယာကိုချစ်လို့မရပေမယ့် ကျောင်းထဲကကူညီပေးခဲ့တာတွေကြောင့်အမတယောက်လိုဖြစ်နေခဲ့တယ် ယုံကြည်ခဲ့တယ် ယီလေးနဲ့လဲညီအမတွေလိုနေနေကြတာက ဘာလို့ဒီလိုလုပ်ရက်ရတာလဲ အတွေးပေါင်းများစွာနဲ့ စကားပြန်ပြောဖို့တောင်မေ့နေတယ်

သူနာပြု- ကျမအခုမှပြန်အစဖော်တာမဟုတ်ပါဘူးဆရာ အဲ့တုန်းထဲကကျမဆရာကိုဆက်သွယ်ပြောပြဖို့ကြိုးစားခဲ့ပါတယ် ကျမဆက်သွယ်လို့မရဖြစ်ခဲ့လို့ပါ ကျမဆရာ့ကိုဆေးရုံမှာလာရှာတော့လဲ လုံခြုံရေးတွေကဆွဲထုတ်သွားတယ် ဖုန်းဆက်တော့လဲဆေးရုံဖုန်းပဲသိတော့ ဆရာဆီမရောက်ဘူး အခုဆရာ့ကိုပြန်တွေ့တော့ စတွေ့ထဲက ကျမပြောမလို့စဉ်းစားပါတယ် ပြန်အစဖော်ပေးသလိုဖြစ်မှာစိုးတာနဲ့ စဉ်းစားနေရင်းကြာသွားတာ ဒါပေမယ့်ဒေါက်တာကောင်မလေးရဲ့ချစ်သူတယောက်အနေနဲ့ဒေါက်တာသိသင့်တယ်ထင်တာကတကြောင်း ဟိုနေ့က ပေကျင်းဆေးရုံက ကျမသူငယ်ချင်းနဲ့ဖုန်းပြောရင်း ဆရာ့အကြောင်းပြောမိတော့ ဆရာရည်းစားအသစ်ရပေမယ့် ဆရာ့လက်ရှိချစ်သူကြောင့် အရင်ချစ်သူကားအက်စီးဒန့်ဖြစ်ရလို့ အဆင်မပြေဖြစ်နေတာဆိုလို့ကျမပြောဖို့ဆုံးဖြတ်လိုက်တာပါ

GW- အခုလိုအဖြစ်မှန်တွေသိရအောင်ပြောပြပေးလို့ဆရာမကိုကျွန်တော် ကျေးဇူးတင်ပါတယ်

*****
၂ပတ်ကြာတော့ ဂုဝေပေကျင်းကိုပြန်လာပြီ
သူသိခဲ့ရသမျှကိုကျီရန်ကိုပြောပြပြီး ကျန်ကျိုးဆေးရုံကိုအလုပ်နားရက်မှာသူတို့နစ်ယောက်လိုက်သွားတယ် ပြီးတော့ ဆေးမှတ်တမ်းထိမ်းသိမ်းဌာနမှာ ဆေးမှတ်တမ်းအစစ်ကိုကြည့်တော့ မိတ္တူနဲ့တူတူပဲပြင်ထားတာမရှိဘူး အဲ့တာကိုဂုဝေဓာတ်ပုံရိုက်ယူလာလိုက်တယ်
နောက်နေ့မနက် အဲ့နေ့ အခင်းဖြစ်တုန်းကလာတဲ့ရဲဆီကို ကျီရန်က စီနီယာဇီရှောင်ကိုတဖက်လက်နဲ့မေးပြီးသွားတွေ့တော့
"သေဆုံးသူကိုအရင်ကားမီးမလောင်ခင်ဆွဲထုတ်ပေးထားတဲ့အကြောင်း သူတို့ရောက်တဲ့အချိန်မှာကားကမီးလောင်နေပြီ ထိုလူကြောင့်မီးလောင်တာကလွတ်သွားတဲ့အကြောင်း သေဆုံးသူကရီဝေတဲ့ဆေးတမျိုးမျိုးသုံးဆွဲထားပုံရလို့ အမှုစစ်ဆရာဝန်နဲ့စစ်ကြည့်တဲ့အခါ အိပ်ဆေးပါတဲ့ဆေးသုံးထားတာတွေ့ရကြောင်း ထိုကြောင့်ကားမောင်းနေချင်အိပ်ငိုက်နေတာဖြစ်နိင်ကြောင်း အဲ့အချိန်ကတဖက်ကားမှာလူ၂ယောက်ဖြစ်တဲ့အကြောင်းတွေပြောပြလိုက်တယ်"
ကျီရန်နဲ့ဂုဝေ တယောက်မျက်နှာတယောက်ကြည့်ပြီး "လူနစ်ယောက်" ZiY- တယောက်ကချန်ယု ဒါဆိုနောက်တယောက် ဘယ်သူဆိုတာ မင်ယွဲ့သိမလားမသိဘူး"
သူတို့၂ယောက်မင်ယွဲ့ဆီဖုန်းဆက်တော့ မင်ယွဲ့ကညနေသူတို့တိုက်ခန်းကိုလာခဲ့ပေးမယ်ပြောတော့ သူတို့၂ယောက်အိမ်ပြန်စောင့်နေလိုက်တယ်
မင်ယွဲ့ရောက်လာတော့ ကျီရန်ကသိထားတာတွေပြောပြပြီး အဲ့တုန်းကချန်ယုနဲ့ပါတဲ့လူကိုမေးကြည့်တော့ မင်ယွဲ့က "အဲ့တာကျွန်တော်လေ အဲ့နေ့ကကျွန်တော်တို့၂ယောက် နားရက် ကျန်ကျိုးမှာအသိမင်္ဂလာဆောင်သွားတာ အဲ့မှာညအိပ်မလို့ပဲ ရုံးကအရေးတကြီးကိစ္စရှိတယ်ဆိုလို့ကျွန်တော်တို့ချက်ချင်းပြန်လာကြတာ အဲ့တုန်းကကားမောင်းတာကကျွန်တော် တောင်ကြားလမ်းမှာရှေ့ကားကမြွေလိမ်မြွေကောက်မောင်းနေတာ
ဟွန်းတီးတော့လဲမရ၍ အဲ့တာနဲ့ချန်ယုကတခုခုများဖြစ်လားဆိုပြီးကားကိုဘေးချင်းယှဉ်မောင်းကာ သတိပေးဖို့ကြိုးစားခဲ့တာ အဲ့ကားမောင်းတဲ့သူကငိုက်နေတာ ကျွန်တော်ကကျော်သွားမယ်ဆိုတာကိုချန်ယုကအဲ့မိန်းခလေးကားမောင်းရင်းငိုက်နေတာအန္တရာယ်များတယ် တခုခုဖြစ်မှာစိုးတာနဲ့ ဘေးချင်းယှဉ်မောင်းပြီး ကားမှန်ခေါက်သတိပေးခဲ့တာ ပြီးတော့ကျွန်တော်ကချန်ယုအဲ့လိုမှန်ခေါက်တာအန္တရာယ်များလို့အရှိန်ပြန်လျော့တဲ့အချိန် အဲ့ကားကလမ်းချော်ပြီးချောက်ထဲထိုးကျသွားတာ အဲ့တော့လဲချန်ယုပဲအဲ့ကောင်မလေးကိုကားထဲကဆွဲထုတ်ပြီး သူကရဲကိုဖုန်းဆက် ကျွန်တော်ကိုလူနာတင်ကားခေါ်ခိုင်းခဲ့တာ ရဲကအင်ရောက်လာပြီးဖြစ်ကြောင်းကိုကျွန်တော်တို့ပြောပြီးတော့ကျွန်တော်တို့ဆက်ထွက်လာခဲ့တာ"

BORN THE LOVE AGAIN (Completed)Where stories live. Discover now