အခန်းထဲဝင်လိုက်ပြီး ကျီရန်ပြောတဲ့ စီနီယာသူ့အပေါ်ထားတဲ့စိတ်ကိုပြန်ကြားယောင်ပြီး သူနှင့်ဇီယီ တွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ကာ ဘီယာတငုံသောက်လိုက်ရင်း အတိတ်ဆီကို အတွေးနယ်ချဲ့လိုက်သည်။
တောင်တန်းတွေကြား ပန်းခင်းတွေအလယ်မှာ တည်ရှိနေတဲ့မိဘမဲ့ဂေဟာလေးကို ကျွန်တော်တို့နှစ် final part 1 သမားတွေနဲ့ part 2 သမားတွေ စနေနေ့အပတ်တိုင်း လုပ်အားပေးလာနေကြ
၂ဖွဲ့ပေါင်းလို့လုပ်အားပေးလာတဲ့သူအရေအတွက်က ၃၀ကျော်လောက်ရှိမယ်
စီနီယာတွေအဖွဲ့က မိန်းခလေးတွေက ဂေဟာကခလေးတွေရဲ့ ကျန်းမာရေး စစ်ဆေးတာတွေလုပ်ကြပြီး စီနီယာအကိုတွေနဲ့ ကျွန်တော်တို့ဂျူနီယာတွေက သန့်ရှင်းရေးလုပ်သူလုပ် အိပ်ယာခင်းလဲသူတွေကလဲ မိန်းခလေးတွေက ထမင်းဟင်းချက်ကြတာပေါ့။
ဒီတပတ်မှာ ကျီရန်က မလိုက်ဘူးဆိုပြီးပြောတော့ သူ့ညီမလေးအဆောင်ကနေ ခဏပြန်လာမှာ အိမ်မှာလူမရှိလို့တဲ့လေ။
ကျွန်တော်မှာတခြားသူငယ်ချင်းတွေရှိပေမယ့် သူနဲ့က သွားအတူစားအတူဆိုတော့ စိတ်ထဲတမျိုးပဲ အဲ့တာနဲ့မင်းညီမပါခေါ်ခဲ့လိုက်လေ ငါစီနီယာ့ကိုပြောလိုက်မယ် တပတ်မှတခါသွားရတာ မင်းမပါရင်ငါလဲတမျိုးကြီးဖြစ်နေမှာ ဆိုပြီးပြောလို့ ဒီတပတ်တော့သူ့ညီမလေးပါပါလာလေရဲ့။
ငယ်ငယ်တုန်းကသာတူတူဆော့နေပေမယ့်ကြီလာမှမတွေ့ဖြစ်တာတော်တော်ကိုကြာပြီ ...
GW - ဟာ ကောညီမလေးက လှလာလိုက်တာမှတ်တောင်မမှတ်မိဘူးကွာ
ဇီယီ(ZY)- ကောကတော့မြှောက်နေပြန်ပါပြီ
ZiY - ယီလေး နင်ဒီအမတွေနဲ့ ထမင်းဟင်းချက်တာဝိုင်းကူနော်
ငါတို့က သန့်ရှင်းရေးသွားလုပ်အုန်းမယ် ဟုတ်ပြီလား
ZY - ဟုတ်ကဲ့ဂေဟာဝန်းကိုသန့်ရှင်းရေးလုပ်ရင်း
GW - ယီလေးကတော်တော်လိမ်မာတယ်နော် ငယ်ငယ်ကအတိုင်းပဲ စကားနားထောင်တုန်း
ZiY - တအိမ်လုံးရဲ့အလိမ်မာတုန်းလေးလေ ပါးနဲ့မားဆိုလဲသူ့သမီးလိမ်မာကြောင်းကြွားရတာအမောပဲ ငါလဲမျက်နှာပွင့်တာပေါ့ကွာ
GW - မျက်နှာပွင့်တယ်
ZiY - ဟုတ်တယ်လေ သူ့ကိုကြိုက်တဲ့သူတွေက သူ့နားကပ်ဖို့ငါ့လာဖားရတာပေါ့ကွာ
ပြောသာပြောတာ ဆရာမကအခုထိ ရည်းစားမထားသေးဘူးကွ
အဲ့တာကြောင့်ပါးနဲ့မားကတုန်နေတာလေ
GW - သူကအဆောင်နေတယ်ဆိုတော့ ဘာကျောင်းတက်နေတာလဲ
ZiY- Shanghai Institute of Visual Arts မှာ ဒီဇိုင်းအထူးပြုလေ
GW - ဩော် ဒီဇိုင်းပိုင်းလား ငါသိပ်ဖြစ်ချင်ခဲ့တာ
YOU ARE READING
BORN THE LOVE AGAIN (Completed)
FanfictionBorn the love again Zawgyi ဇာတ်ကောင်မိတ်ဆက် ချန်ယု - China Southern Airline ရဲ့ Senior Co Pilot, တည်ငြိမ်ပြီးချောလွန်းအားကြီးတဲ့မျက်နှာ၊ နှာခေါင်းလုံးလုံး၊ ပါးဖောင်းလေးနဲ့ ခန့်ညားတဲ့ယောကျာ်းတစ်ယောက်မို့ မိန်းခလေးတိုင်းရင်းနီးချင်တဲ့ယောကျာ်းတယော...