Part 14

269 27 2
                                    

Zawgyi
ကျီရန်တယောက် မနက်လူနာတွေကြည့်ပြီးပြန်အလာ ဆေးရုံဝန်းထဲကိုထွက်လာလိုက်တယ် ခဏလောက်ဖြစ်ဖြစ်အသက်ဝဝရူချင်တာရော သူအခုတလောအတွေးများနေတာရောကြောင့် ဝန်းထဲကထိုင်ခုံလေးမှာ ခဏထိုင်ဖို့လုပ်လိုက်တယ်
ပုခုံးပေါ်အရိုက်ခံလိုက်ရမှအသိပြန်ဝင်လာလေတယ်

GW- ငါခေါ်နေတာကြာပြီ မင်းစိတ်တွေဘယ်ပင်လယ်ထဲရောက်နေလဲ
ZiY- ငါ....
ဂုဝေတယောက် ကျီရန်ဘေးဝင်ထိုင်လိုက်ပြီး "မင်းဘာဖြစ်နေတာလဲ.... ဘာကိစ္စရှိနေလို့လဲ... ငါ့ကိုပြောပြလို့မရဘူးလား..."
ZiY- ငါ....

ZiY- ငါ့ကိုယ်ငါလဲဘာဖြစ်ချင်မှန်းမသိတော့ဘူး
GW- ဘာကိစ္စဖြစ်လို့လဲ
ZiY- ငါမနေ့ကဆေးရုံကပြန်တော့ စားသောက်နေကြကော်ဖီဆိုင်မှာ မုန့်နဲ့ကော်ဖီ ဝင်ဝယ်တယ်
GW- ကော်ဖီဆိုင်ကအကြွေးမရောင်းလိုက်လို့လား
ZiY- ငါအကောင်းပြောမလို့
GW- ဩ မစတော့ဘူး ဆက်ပြော
ZiY- ဆိုင်ရဲ့ထောင့်နေရာမှာ မင်ယွဲ့ကိုကောင်မလေးတယောက်နဲ့ထိုင်နေတာတွေ့တယ်... ပြုံးရွှင်ပြီးစကားပြောနေကြတာ ငါ့တောင်မမြင်ဘူး
GW- အဲ့တော့မင်းကသွားခေါ်လိုက်ပေါ့
ZiY- ငါအစကတော့ခေါ်မလို့ပဲ.... ရင်ထဲတမျိုးဖြစ်လာတာနဲ့ မခေါ်ပဲထွက်လာလိုက်တာ... အခုထိဖြစ်တုန်းပဲ.... ခဏနေဆေးစစ်ကြည့်မလားလို့
GW- စစ်မနေနဲ့ အဖြေကပေါ်မှာမဟုတ်ဘူး မင်းဖြစ်တာသဝန်တိုနေတာ
မင်း မင်ယွဲ့ကိုစိတ်ဝင်စားနေတာများလား
ZiY- ဂုဝေ ငါအကောင်းတိုင်ပင်နေတာနော်... ငါမင်းသူငယ်ချင်းဆိုတာများမေ့နေလား
GW- ငါကအကောင်းပြောတာ စနေတာမဟုတ်ဘူး ဆေးစစ်မယ့်အစား မင်းစိတ်ကိုမင်းမေးကြည့်
ZiY- ရည်းစားရပြီးမှတော်တော်တက်လာတယ် သွား... ငါ့နားမနေနဲ့
GW- ငါ့ကိုမနေခိုင်းရင် ဘယ်သူ့နေခိုင်းမှာလဲ မင်ယွဲ့လား
ZiY- ဂုဝေ....
GW- ကောင်းပြီ ကောင်းပြီ ငါသွားမယ်
ဟာ မင်ယွဲ့... လာ
မင်းကောကိုဆေးပြန်တိုက်လိုက်အုန်း

ZiY- ဂုဝေ....
MY- ဟုတ်
ZiY- ဘာဟုတ်တာလဲ
GW- ငါသွားပြီ....
********

YL- ကောကော ညီမလေးပြောစရာရှိတယ်
CY- မုန့်ဖိုးတောင်းမလို့လား
YL- ဟာမဟုတ်ပါဘူး
CY- ဘာလိုချင်လို့လဲ
YL- ကော လက်ထဲကစာအုပ်လေးချပြီး ညီမလေးပြောတာနားထောင်ပေး
ချန်ယုတယောက်လက်ထဲကစာအုပ်ကိုစားပွဲပေါ်တင်ပြီး သူ့ညီမမျက်နှာကိုကြည့်ကာ"အားလီ တခုခုဖြစ်လို့လား"
YL- မဖြစ်ပါဘူး ပြောစရာရှိလို့
ကောစိတ်မဆိုးရဘူးနော်
CY- အားလီ ငါ့ကိုစိတ်ပူအောင်မလုပ်စမ်းနဲ့
YL- ဟိုဟာလေ... ညီမလေး... ညီမလေးကိုရည်းစားစကားပြောတဲ့အဲ့လူကို အဖြေပေးလိုက်ပြီ ညီမလေးရည်းစားထားတာ ကောကိုဖွင့်ပြောပြတာ
CY- ဘာ.....
YL- ကောကော စိတ်မဆိုးနဲ့လို့ပြောထားတယ်လေ
CY- စိတ်မဆိုးစရာလား... နင်ကျောင်းတောင်မပြီးသေးပဲနဲ့ ရည်းစားထားစရာလား... ငါသဘောမတူဘူး ဖြတ်လိုက်
YL- ကော... ဒါညီမလေးနှလုံးသားကိစ္စလေ
ပြီးတော့ကောလဲရည်းစားထားတာပဲ... ကောကမှယောကျာ်းလေးအချင်းချင်းကြိုက်တာ... အဲ့တာတောင်ညီမလေးဘာမှမပြောတာကို
CY- ယန်လီ အဲ့လိုပြန်ပြောဖို့နင့်အကောင်သင်ပေးလိုက်တာလား
အေး ဘာဖြစ်ဖြစ်သဘောမတူဘူး ပြောပြီးပြီနော်သဘောမတူဘူးလို့ ဖြတ်လိုက်
စိတ်တိုတိုနဲ့ပြောပြီး ကားသော့ဆွဲကာ ထွက်လာလိုက်သည်

BORN THE LOVE AGAIN (Completed)Where stories live. Discover now